{CALVUS} Knowledge Sharing for Burmese: post #1026 — TG.ME

ကဗျာရောတဲ့ မေတ္တာသဘော
---------------------------

မေ့အသက်ကကြီးပါစေ
မောင့်အသက်က ငယ်ပါစေ
မေကကိုယ့်ကိုမှီပါလေ
မောင်ကမင်းကိုချီပါ့မယ်
ကိုယ်တို့ကြား အဆင်ပြေပြီးရောပေါ့။

ကိုယ်တို့တွဲတာဘယ်သူသိ
မင်းရယ် ကိုယ်ရယ် ဗုဒ္ဓရယ်
တိုးတိုးလေးဘဲ မေ
ကိုယ်စောင့်နတ်မကြားစေနဲ့။

အနာဂတ်အကြောင်းမပြောနဲ့
အတိတ်အကြောင်းမတွေးနဲ့
မင်းနဲ့မောင့်မေတ္တာ
လက်ရှိမှာသာယာပါစေ။

ခေတ်လောကက မတည်ငြိမ်ဘူးမေ
အပျော်သဘောရော
အပျက်သဘောရော
မေတ္တာကိုအရောင်မဆိုးကြကြေး။

လောကကဟာသဆန်တယ်မေ
‌ချစ်သူတွေဟာ ဝေးကြရတယ်
မုန်းကြသူတွေကနီးလေ့ရှိတယ်
တစ်ခါတလေများ
မေ့ကိုအမြဲမုန်းပစ်ချင်တယ်
အမြဲများနီးနေမလားပေါ့။

သာယာပါစေ ပျော်ရွှင်ပါစေ
မင်းဘဝ မောင့်ဘဝ။

ကြေကွဲပါစေ ရန်မြဲပါစေ
ကိုယ်တို့ချစ်ခြင်းခွဲသူများ။

-ခွန်းတေဇ
❤1🍓1
February 11, 2026 292 1