{CALVUS} Knowledge Sharing for Burmese: post #1024 — TG.ME

ကျွန်တော့်ကြင်သူ
--------------------------

စိတ်ကောက်တယ်လည်းဆိုသေးရဲ့
ကော်ဖီလေးလည်း ဖျော်တိုက်ရဲ့။

စာမကျက်လည်းသူဆူသေး
ပုံပြင်လေးလည်းပြောခိုင်းသေး။

ဖဲရိုက်တော့လည်းသူမကြိုက်
မုန့်ဖိုးငွေလေးသူပေးသေး။

သရဲကားလည်းသူကြိုက်သေး
သရဲခြောက်မှာ သူကြောက်သေး။

ကိုနာကျင်မှာစိုးရိမ်ချက်
စိတ်ကောက်တော့လည်း သူထုနှက်။

တီတီတာတာမပြောသေး
တစ်ခါတစ်ခါသူခေါ်သေး
မောင်မောင်ရယ်တဲ့လေး။

-ခွန်းတေဇ
👍2
November 10, 2025 481 2 1