{CALVUS} Knowledge Sharing for Burmese: post #1020 — TG.ME

"မေ"ဋီကာ
--------------

"မေ"
မေဆိုတဲ့စကားလုံးကို မယ်မယ်ရရ အဓိပ္ပါယ်ဖွင့်လို့မရပါဘူး။ ဆိုကြပါစို့ "မြတ်"ဆို မွန်မြတ်သည်ပေါ့။ "စံ"ဆိုတာ စိုးစံသည်။
စသည်ဖြင့်ရှိပေမယ့် မေ ဆိုတာကိုတ်တိကျကျမသိရသော်ငြားလည်း မြန်မာစာအဘိဓာန်မှာတော့ "မိမိချစ်နှစ်သက်ရသည့်အမျိုးသမီးကိုအမျိုးသားကခေါ်သောအမည်" လို့  ဖော်ပြထားပါတယ်။ မေ ဆိုတဲ့အဓိပ္ပါယ်က မ သို့မဟုတ် မယ် နဲ့အဓိပ္ပါယ်တူပါတယ်။ မယ်နှင့်မောင် ဆိုတာကအမျိုးသားနဲ့ အမျိုးသမီးကိုခေါ်တာပါ။ ဒါပေမယ့် ဆန်းသစ်လာတဲ့အခါမှာတော့ ဂီတဆရာ၊ ကဗျာဆရာ၊ စာရေးဆရာစသည်တို့က မေ ဆိုတာကိုသုံးလာကြပါတယ်။

တချို့ချစ်သူစုံတွဲတွေမှာကောင်လေးက ကောင်မလေးကို  မေ ဆိုတဲ့ဝေါဟာရလေးသုံးနှုန်းပြီးခေါ်တတ်ကြတယ်။ တချို့က အမည်မှာပါလို့ခေါ်ကြတယ်။ တချို့ကနာမည်မှာမပါပေမယ့်လည်း ကိုယ့်ချစ်သူကို တခြားသူတွေမရိပ်မိအောင်ခေါ်တတ်ကြတယ်။

မိဘများအနေဖြင့်လည်းကိုယ့်သားသမီးဆိုတာထက် သမီးတွေမှာ မေ ဆိုတဲ့ဝေါဟာရနဲ့အမည်ပေးတတ်ကြတယ်။ တချို့က​ မေလမှာမွေးလို့၊ တချို့က နေ့ကိုက် နံကိုက်၊ တချို့ကျ ချစ်လို့၊ တချို့ကျ တစ်စုံတစ်ဦးကို တမ်းမိလို့စသည့်ဖြင့်ရည်မှတ်ပြီးပေးတတ်ကြပါတယ်။

ပါဋိဘာသာမှာဆိုလည်း မေ ဆိုတာက ကျွန်ုပ်ဆိုတဲ့ဝေါဟာရပါ။

ဒါပေမယ့် မည့်သည့်ကြော​င့်ဘဲ​ဖြစ်ပါစေ။ မေ ဆိုတဲ့ ​အသုံးနှုန်းလေးဟာ ပြီးပြည့်စုံလှတဲ့နာမတစ်မျိုးပါ။

-ခွန်းတေဇ
(မည့်သည့်စာပေမှန်းမသိ ၊ အချက်အလက်အထောက်အထားမှန်ကန်မှုသည်လည်း အားနည်းမှုများကာ စိတ်ပေါက်ရာရေးထားသဖြင့် သင့်သလိုသာဖြည့်စွက်ဖတ်ပေးကြပါ။)
❤5
September 24, 2025 424 2