ညွှန်ပြဖွယ်ရာ မမှီသာ
------------------------------
ငွေငန်းဖြူဖြူတွေ
လက်မှိုင်ချရတဲ့ အသားရေ။
နှင်းဆီနီနီတွေ
ငိုရတဲ့ နှုတ်ခမ်းပိုင်ရှင်။
ပေါင်မုန့်ဖောင်းဖောင်းတွေ
ခေါင်းငိုက်ရတဲ့ ပါးမို့ရှင်။
မြစ်သွယ်ပမာ
ယှက်ဖြာစီးသယောင်
ခြေဥဥထက်က သွေးကြောစိမ်းတွေက
ဒူးထောက်ဖို့ပြုစားရော့သလား။
ဒါမှမဟုတ်
စကားသံချိုချိုတွေက
လက်နက်ချဖို့ သွေးဆောင်သလား။
လက်ခုပ်လက်ဝါးတီးပြီး
အကျရှုံးခံပါရစေ။
ဖြူစင်တဲ့မေတ္တာရှင်ဖြစ်ကြောင်း
မျက်လုံးနက်နက်တွေဟာ
ဖော်ပြနေသလို
ပြတ်သားသူဖြစ်ကြောင်းလည်း
လေသံလေးတွေက ကြူးပြလေရဲ့။
မင်းရဲ့လေသံတစ်ချက်ကလေ
သေချာပါတယ်ကွယ့်
ငါ့ကိုစစ်ဆိုတာဘာမှန်းမသိခင်ကတည်းက
မြားကုန်စေတဲ့ မေတ္တာလွှာ။
မင်းအပြုံးနဲ့ လမင်းပြိုင်
ဘယ်သူပိုအေးချမ်းပါ့မလဲ။
ဒီဘဒ္ဒကမ္မာမှာတော့
မင်းအပေါ်စွဲနေမိတဲ့ကို့ကိုတော့
ဒဿတောင်မမှီမယ်မထင်ပါ့။
-ခွန်းတေဇ
1September 23, 2025 315 2