ပခုက္ကူမြို့နယ်
ပခုက္ကူမြို့နယ်ရှိအကြမ်းဖက်စခများသည် ပြည်သူများအားအသွားလာခက်ခဲရန်လမ်းများအားပိတ်ပင်နေကြောင်းသိရပြီး ယနေ့နေ့လယ်အချိန်တွင်ပြည်သူ ၁ဦးသည်ပခုက္ကူမြို့ကျွဲတဲလမ်းမှမြောက်ဘက်အတိုင်းမောင်းနှင်သွားရာအကြမ်းဖက်စခပတ်ကင်းကားဖြင့်တွေ့ကာ သွေးထွက်သံယိုဖြစ်သည်အထိအရိုက်ခံရကြောင်းသိရပါသည် ယခုရက်ပိုင်းအတွင်းအကြမ်းဖက်ခွေးများသည်ပြည်သူများအားအမျိုးမျိုးအကြောင်းမရှိရိုက်နှက်ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်းသိရ။ ပခုက္ကူမြို့အရှေ့ခြမ်းရှိ ဆင်မင်းရွာမင်းကျောင်းရှိ ခွေးဂိတ်မှလည်း ရွှေတန့်တစ်ရွာနေပြည်သူများအား ခွေးဂိတ်အနီး အတင်းခေါ်ဆောင်ကာသန့်ရှင်းရေးခေါ်လုပ်ခိုင်းပြီး မလာလျင်ရွာအားမီးရှို့မည်ဖြစ်ကြောင်း ကြိမ်းဝါးနေကြောင်းသိရပါသည်။
#MRSN
Sep 1, 5:31PM
သတင်းပို့ရန်@MagwayScoutBot
2
2
1September 1, 2026 1.3K 1