ထီးလင်းမြို့က စစ်အုပ်စုအဖွဲ့များအတွက် ထောက်ပို့လေယာဥ်ဖြင့်… — Magway Scout Network — TG.ME

ထီးလင်းမြို့က စစ်အုပ်စုအဖွဲ့များအတွက် ထောက်ပို့လေယာဥ်ဖြင့် ရိက္ခာထုပ်များချပေး

စက်တင်ဘာ ၂၊၂၀၂၆၊ ထီးလင်း

ယောဒေသ ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုအဖွဲ့များအတွက် ရိက္ခာနှင့် လစာများပါဝင်သည့် အထုပ်များကို စစ်ထောက်ပို့လေယာဥ်ဖြင့် ချပေးခဲ့ကြောင်းသိရသည်။

ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်ကနေ ၁၀ နာရီ ၃၀ မိနစ်ကျော်ခန့်အထိ ထီးလင်းမြို့ကို ၇ ပတ်ပျံဝဲကာ မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ် ၁ စီးဖြင့် ရိက္ခာနှင့် လစာများပါသည့် အထုပ် ၂၁ ထုပ်ကို ချပေးခဲ့ကြောင်း သိရသည်။

"လေယာဥ်ပေါ်က လေထီးတွေနဲ့ အထုပ်ချတဲ့အချိန်မှာ ရာသီဥတုကလဲ တိမ်ထူနေတယ်၊လေကလဲ တိုက်နေတာဆိုတော့ အထုပ်တွေက လိုရာမရောက်ဘူး မြို့အစွန်တွေမှာကျတာများတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။

Y 8 စစ်ထောက်ပို့လေယာဥ်ပေါ်မှနေ၍ အထုပ်များကို လေထီးများဖြင့်ချပေးနေစဥ်အတွင်း မိုးကောင်းကင်တံင် တိမ်များထူထပ်နေကြောင်း၊ လေကလည်းအသင့်အတင့်တိုက်ခတ်နေချိန်ဖြစ်သည်ကြောင့် အဆိုပါ အထုပ်များသည် လိုရာသို့မရောက်ဘဲ ထီးလင်းမြို့အစွန်၊ စစ်အုပ်စုဖက်မှ မိုင်းထောင်ထားသည့် (မိုင်းကွင်း) နေရာများတွင် အများစုကျရောက်ကြောင်း သိရသည်။

ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မြို့လုံခြုံရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေပြီး နယ်ကျေးရွာများဖက်သို့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သည်မှာ ၁၀ လကျော် ၁ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep 2 , 12:17PM
သတင်းပို့ရန်@MagwayScoutBot
❤2👍2
September 2, 2026 1.2K 1