မြိုင်မြို့နယ်စစ်ကြောင်းသတင်း
2.9.2026
မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။
ဒီနေ့ ညနေပိုင်းက တဲကြီးကနေ
အနောက်မြောက်ဘက်နဲ့ ဝဲတူးဘက်ကို
ကင်းပတ်ထွက်တာမျိုး လှုပ်ရှားမှုတချို့
ရှိခဲ့ပြီး တဲကြီးရွာထဲကို ပြန်ဝင်သွားတယ်လို့
သိရပါတယ်။
နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်း
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့
ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြကာ
လက်နက်ကြီး အန္တရာယ်
လေကြောင်း အန္တရာယ်
ဒရုန်း အန္တရာယ်
မြေပြင်စစ်ကြောင်း အန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Sep 2 , 10:49PM
သတင်းပို့ရန်@MagwayScoutBot
3
2September 2, 2026 619 3