မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 3.9.2026… — Magway Scout Network — TG.ME

မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
3.9.2026

မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။

စစ်ကြောင်းရောက်ရှိနေရာ တဲကြီးရွာကို
ယနေ့မနက် 8:30 / 9:30 ဝန်းကျင်က
မိတ္ထိလာလေတပ်မှ Y 8 စစ်ထောက်ပို့
လေယာဉ်တစ်စီးဖြင့် ခဲယမ်းနဲ့ ရိက္ခာအထုပ်များ
(82) ထုပ်ခန့် ချပေးသွားတယ်လို့ သိရပါတယ်။

ယနေ့ညနေ 5:50 ဝန်းကျင်က
မြိုင်မြို့နယ် အနောက်မြောက်ပိုင်း ဗဟင်းရွာကို ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း
ပြုလုပ်ခဲ့ရာ
ပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့
သိရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Sep 3 , 11:10PM
သတင်းပို့ရန်@MagwayScoutBot
👍3
September 3, 2026 268