မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
28.8.2026
မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။
အဆိုပါစစ်ကောင်စီတပ်တွေဟာ
ယနေ့နေ့လည် 12:30 ဝန်းကျင်က
တဲကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့
သိရပါတယ်။
အခြေအနေအသေးစိတ် မသိရသေးပါ။
နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်း
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့
ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။
#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 28 , 11:10PM
သတင်းပို့ရန်@MagwayScoutBot
5August 28, 2026 1.3K 2