NUG နှင့် သူ၏လက်အောက်ခံများ၏ ကောင်းမှုအစုစု
===============================
အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် PDF တွေဟာ တစ်ဖက်အဖွဲ့အစည်းကို အပုပ်ချချင်တော့ သူတို့လုပ်တာမဟုတ်၊ ဝါရာဇွပ်ပါဆိုပြီး စွပ်စွဲခဲ့တယ်။ ဝါရာဇွပ်ဘက်က အချက်အလက်အထောက်အထားနဲ့ စာထုတ်ပြီး ရှင်းလိုက်တော့ အကြမ်းဖက် PDF တွေ ပါးစပ်ပိတ်သွားကြလေရဲ့။ အသတ်ခံလိုက်ရသူအမျိုးသမီးရဲ့ ဆွေမျိုးသားချင်းတွေကပါ လူလုံး ထွက်ပြ အဖြစ်မှန်ကို နာမည်နဲ့တကွ ရှင်းပြကြလေတော့ PDF တွေ အရှက်လုံးလုံး ကွဲပါလေရော။
ရုပ်သံဖိုင်ကို စတွေ့ကတည်းက ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ မြင်သမျှလူအားလုံး သိပြီးသားပါ။ လက်ရဲဇက်ရဲနဲ့ အစွန်းရောက်လုပ်ရပ်တွေကို လုပ်ရက်တာဆိုလို့ NUG လက်အောက်က ဒီကောင် တွေပဲ ရှိတာမဟုတ်လား။ PDF တွေကတော့ အရင်တုန်းကလိုပဲ သူတို့လုပ်သမျှ ပြည်သူတွေ လှုပ်ရဲမှာမဟုတ်ဘူးလို့ တွေးထင်ထားကြပုံပဲ။ ဒီလိုစိတ်နဲ့ပဲ ပေါ်တင်စွပ်စွဲလိုက်တာ ထင်ပါရဲ့။ NUG ရဲ့ လက်ကိုင်တုတ်တွေ မသိသေးတာက ပြည်သူတွေဟာ PDF တွေအပေါ် အင်မတန်နာကျည်း နေပြီဆိုတာပါ။ အင်မတန်ရွံရှာနေပြီ ဆိုတာပါ။ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြပြီဆိုတာကိုပါ။ နောက်နောင်လည်း NUG ရဲ့ လက်ကိုင်တုတ်တွေ ယုတ်မာသမျှ သတ္တိရှိရှိ ဖော်ထုတ်ရင်ဆိုင်သွား ကြပါလိမ့်ဦးမယ်။
စစ်ကိုင်းဘက်က ဆရာတော်တစ်ပါးကိုလဲ NUG ရဲ့ လက်ကိုင်တုတ် ပလဖတွေက ဖမ်းဆီးခေါ်ဆောင် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားကြသေးတယ်။ ဒေသခံပြည်သူတွေ ဆန္ဒပြတောင်းဆိုခဲ့လို့သာ ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ပြန်ရရှိခဲ့ကြတာ။ မဟုတ်ရင် ဘယ်လိုတွေ ဆက်လုပ်ပြီး ဘယ်အဖွဲ့ အစည်းကို အပုပ်ချဦးမလဲ မသိဘူး။ ရပ်ကျိုး၊ ရွာကျိုး၊ သာသနာအကျိုးကို ဆောင်ပိုးနေတဲ့ ဆရာတော်ကြီးကို ညှင်းပန်းနှိပ်စက်ထားတာများ လက်သည်းခွံတွေတောင် ခွာထားသတဲ့လေ။ ဒီလို အစွန်းရောက်တွေ နောင်ဘဝကူးရင်တောင် အမြင်မှန်ရကြပါ့မလား။
ဒီလိုအစွန်းရောက်တွေကို လက်ကိုင်ကြိုးတုတ်ခိုင်းစေနေတဲ့ ခေါင်းကိုင်ဖခင် NUG ကိုယ်တိုင်က တောင် ကိုယ်ကျိုးအတွက်ဆိုရင် တိုင်းပြည်ကို ဖျက်ဆီးမယ့်သူမျိုးတွေပါ။ ဘင်္ဂါလီတွေ တရားမျှတမှု ရဖို့ ဆက်လက်ရပ်တည်သွားမယ်ဆိုပြီး စာထုတ်လိုက်တာကိုပဲကြည့်။ အလှူငွေရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ့်သူတွေ။ ဆိုတော့ ဒီလိုလူတွေ ပြောသမျှ လိုက်လုပ်နေတဲ့ PDF တွေ လူမဆန်တာ၊ စဉ်းစားဉာဏ်မရှိတာ၊ အစွန်းရောက်လုပ်ရပ်တွေ လုပ်ဆောင်တာတွေကို ထည့်ပြောဖို့တောင် လိုမယ် မထင်ပါဘူး။
ကိုလူပျို
(၂၇-၈-၂၀၂၆)
9
3
1August 27, 2026 1.3K 8