ကိုလူပျို: post #693 — TG.ME

အဲဒီတုန်းက သူတို့အဖွဲ့သားတွေ သွေးပျက်ခဲ့ကြသည်။ ထင်မှတ်မထားသည့်အချိန်မှာ တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်ဆင်လာမှုကို သူတို့ ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ကြ။ ဘယ်လိုရင်ဆိုင်ရ မည်ကိုလည်း မသိခဲ့ကြ။ သေနတ်ကလေးတပြပြနှင့် စစ်သားများ တစ်ယောက်စ နှစ်ယောက်စသာ ရှိသည့် ကင်းတဲလေးများကို ရှာဖွေချောင်းမြောင်း ပစ်ခတ်နိုင်ခဲ့သည်ကိုပင် သူတို့ကိုယ် သူတို့ အဟုတ် ကြီး ထင်မှတ်နေကြသည်။ သူရဲကောင်းကြီးပမာ ထင်မှတ်နေကြသည်။ လေလှိုင်းပေါ်မှ မြှောက်လုံး တွေကလည်း ဘဝင်မြင့်စရာကောင်းနေခဲ့သည်မဟုတ်လားလေ။ တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရချိန်မှာတော့ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။ ဘယ်ပြေးလို့ ပြေးရမည်မသိ။ ဒဏ်ရာ ဗရပွနှင့် ညည်းညူသံများ ကြားရသည့်အခါ စိတ်လက်ချောက်ချားခဲ့ရသည်။ ကြောက်လန့်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျည်ဆံများလည်း မလောက်ငှတော့။ အသက်လုပြီး ခြေဦးတည့်ရာ ပြေးရတော့သည်။ လူတွေလည်း ဟိုတစ်ကွဲ၊ ဒီတစ်ကွဲ။ သူနဲ့ ထွန်းနိုင်တို့သာ လမ်းခုလပ်မှာ သွားဆုံ ကြသည်။ မကျေပွဲ ပြန်နွှဲမည်ဟူသည့် သွေးတို့က ဆူပွက်နေဆဲ။ သို့တိုင် သူတို့၏ လျှောက်လှမ်းနေဆဲ ခြေလှမ်းများ ရွာနားသို့ပင် ပြန်ကပ်နိုင်စွမ်း မရှိခဲ့ပါချေ။

“အစ်ကိုတို့ ငါးယောက်ပဲ ပြန်ဆုံကြတယ်၊ ကျန်တဲ့သူတွေတော့ ဘယ်ရောက်ကုန်လဲ မသိဘူး၊ အစ်ကိုတို့လဲ ရွာဘက် ပြန်သွားလို့မရတဲ့အဆုံး ထွန်းနိုင်ရဲ့ အချိတ်အဆက်နဲ့ တောထဲရောက်သွား တယ်ဆိုပါတော့”

လေလှိုင်းပေါ်မှ သူတို့အား သူရဲကောင်းပမာ ပြောဆိုကြသည်ကို သူတို့တစ်တွေ သဘောခွေ့ခဲ့ ကြ၏။ ဘဝင်လေဟပ်ခဲ့ကြ၏။ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်ကိုပင် သူတို့ကိုယ်သူတို့ သူရဲ ကောင်းပမာ ထင်မှတ်မှားကြပြန်သည်။ လေလှိုင်းပေါ်မှတစ်ဆင့် အားပေးသံများနှင့် အလှူငွေများ ရလာသည့်အခါ သူတို့၏ နဂိုရှိရင်းစွဲ စိတ်ရိုင်းများက ပို၍ပင် အရိုင်းဆန်လာကြပြန်သည်။

“ဒီလို ပြေးလွှားနေရချိန်မှာတောင် ငါတို့ကို အားပေးနေကြတာ၊ ငါတို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီးသာ အောင်မြင်သွားရင် ဘယ်လောက်တောင် အားပေးကြလေမလဲ တွေးကြည့် စမ်း”

ထွန်းနိုင်၏ စကားသံများက သူတို့အတွက် အားအင်များပမာ။ သွေးအလူးလူးနှင့် ဒဏ်ရာ ရနေသူများပင် ပြုံးပျော်ရွှင်လာကြလေ၏။

“ဟုတ်တယ်ဗျာ ဟုတ်တယ်၊ အလှူငွေတွေ ဒီလောက်ရနေတာ သုံးစမ်းပါလေ့”

ဦးဝင်းအောင်၏သားက တက်တစ်ချက်ခေါက်ကာ ဆိုသည်။ ရှားရှားပါးပါး ကျန်နေသေးသည့် ဆေးကလေးကို အားရပါးရ ရှူရှိုက်နေသေး၏။ သူတို့သည် တက်ညီလက်ညီ ရှိလှ၏။ သွားရာ လမ်းကြောင်းကား တစ်ခုတည်း။ ရှိသည်ကို မျှစားရင်း ရှိသည်ကို မျှသောက်ကာ ရှိသည်ကို မျှရှူခဲ့ကြ၏။ စမ်းတဝါးဝါးဖြစ်နေသည့် လမ်းခုလပ်မှာ ထွန်းနိုင်နှင့် လေလှိုင်းပေါ်မှပုဂ္ဂိုလ်များ၏ လမ်း ပြမှုဖြင့် သူတို့တစ်တွေ တောကြီးမျက်မည်းထဲ ရောက်ရှိခဲ့ကြလေသည်။ ခြောက်ခြားဖွယ်ကောင်း သည့် ထိုသို့သော တောကြီးမျက်မည်းကြီးကိုပင် သူတို့ နှစ်သက်ခဲ့ကြပြန်သည်။ ထိုတောကြီး မျက် မည်းထဲမှာ ခြောက်ခြားဖွယ်ကောင်းသော ပြဿနာရပ်များ ဆီးကြိုနေလိမ့်မည်ဆိုတာကိုတော့ သူတို့ မသိခဲ့ကြပါချေ။
လာရောက်ခေါ်ဆောင်သွားသူများက ဝတ်စုံပြည့်နှင့်။ တိုက်ပွဲများက သူတို့အတွက် စောင့်ကြို နေသယောင်။ သေနတ်သံများက ဝေးဝေးတစ်သွယ်၊ နီးနီးတစ်ဖုံ ကြားနေရမြဲ။

“မင်းတို့ကို လာပါ လာပါလို့ ငါတို့ မဖိတ်ခေါ်ခဲ့ဘူး၊ မင်းတို့ဆန္ဒနဲ့ မင်းတို့ လာခဲ့ကြတာ၊ ဒီတော့ ငါတို့စကားကို မင်းတို့ နားထောင်ရမယ်၊ ငါတို့ခိုင်းတာ မင်းတို့ လုပ်ရမယ်”

ရောက်ပြီးမကြာခင် ကြိုဆိုပုံများက ပြောင်းလဲသွားခဲ့၏။ သူတို့အတွက် ဝတ်စုံ အပြည့်အစုံ မရှိခဲ့။ အစာရေစာ ဝဝလင်လင် စားစရာမရှိခဲ့။ နေစရာထိုင်စရာ မယ်မယ်ရရ မရှိခဲ့။ ကြာလာ သည့်အခါ တော်လှန်ရေးဟူသည့် စကားလုံးဖြင့် သူတို့ ဖြေသိမ့်နိုင်စွမ်းမရှိခဲ့ကြ။ လူသားပီပီ စကား သံများ ထွက်လာခဲ့ကြသည်။ ကွယ်ရာမှာ ပြောသည်ဆိုသော်ငြား ပြန်လည်ကြားသိရသည့်အခါ စကား နှင့်တစ်မျိုး၊ လက်နှင့်တစ်မျိုး အကြိတ်ခံရတတ်သည်။ နာကျည်းသော်လည်း ပေါက်ကွဲခွင့်မရှိခဲ့။ ရောဂါဘယတို့ စွဲကပ်လာသည့်အခါ ဒီတိုင်း ပစ်ထားခဲ့ကြသည်။ ကုစရာ ဆေးဝါးတို့ ရှိနေခဲ့သည့်တိုင် သူတို့အတွက် မျှပေးခဲ့သည်မရှိခဲ့။

“တော်လှန်ရေးအတွက်ကြောင့်သာ သည်းခံနေရတာ”

“ကျုပ်တို့က ကျွန်သာသာ ဖြစ်နေပြီ”

အချင်းချင်း တီးတိုးပေါက်ကွဲခဲ့မိသည်များက မကြားချင်မှအဆုံး။ သူတို့အဖွဲ့အပြင် အမည် အမျိုးမျိုးဖြင့် အခြားသော အဖွဲ့သားများလည်း ရောက်လာကြသည်။ မိန်းကလေးများ ပါလာသည် လည်း ရှိသည်။ တော်လှန်ရေးဟူသည့် လေလှိုင်းပေါ်က စကားလုံးကို ကိုင်စွဲကာ ရောက်လာကြ ခြင်းဖြစ်သည်။

“ဒိုင်း”

“ဘာဖြစ်တာလဲကွ”

တဲငယ်များ အနီးမှ သေနတ်သံတစ်ချက် ဒိုင်းခနဲ ထွက်လာသံကြောင့် အချင်းချင်း သို့လော သို့လော ဖြစ်သွားကြသည်။ သိချင်ဇောဖြင့် ရောက်ရာနေရာမှ သေနတ်သံလာရာဆီ စုမိသွားကြ သည်။ ဒေါသအမျက် ချောင်းချောင်းထွက်နေဟန် ခေါင်းဆောင်ပိုင်း ငါးယောက်လောက်ကို တွေ့လိုက်ရသည်။ သူတို့ရှေ့တည့်တည့်မှာက သွေးအလူးလူးနှင့် ပြန်လည်ထလာနိုင်ခြင်းမရှိသည့် PDF တစ်ဦး။ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“အေး… မနေချင်လို့ ထွက်ပြေးချင်နေတဲ့သူတွေ ကြည့်ထား၊ ဒီကောင့်နောက် လိုက်သွား ရမယ် ကြားလား”
👍2