တောတောင်များဆီမှ အထပ်ထပ်တန်ပြန်လာသည့် ထိုစကားသံများက သူ့နားထဲမှ ထွက်… — ကိုလူပျို — TG.ME

တောတောင်များဆီမှ အထပ်ထပ်တန်ပြန်လာသည့် ထိုစကားသံများက သူ့နားထဲမှ ထွက် မသွားခဲ့။ သွေးအလူးလူးနှင့် ပြန်လည်ထလာနိုင်စွမ်းမရှိတော့သည့် ဘဝတူ PDF လူငယ်၏ ပုံရိပ်သည် လည်း အမြင်အာရုံထဲက ထွက်သွားနိုင်ခြင်းမရှိခဲ့ပါချေ။

“အစ်ကို… ထမင်းစားရအောင်တဲ့၊ အဘွား ခေါ်နေပြီ”

မအိက ထိုင်ရာမှ ထပြီး ပြောဆိုနေသည့်တိုင် သူကား လှုပ်လှုပ်မျှမပြု။ ရှေ့တူရှုကို မျက်တောင်မခတ် ကြည့်နေမြဲပင်။

“အစ်ကို ဘာတွေတွေးနေလဲ၊ အဘွားခေါ်နေပြီ ထမင်းစားရအောင်တဲ့”

မအိက သူ့လက်ကို ဆွဲကာ ပြောလိုက်လေမှ သူ တုန်တုန်လှုပ်လှုပ် ဖြစ်သွားရသည်။ အတွေး အာရုံထဲကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်မှာ ချွေးတွေ ရွှဲစိုနေလျက်ပါပေ။

ဆက်ရန်…

ကိုလူပျို
(၄-၉-၂၀၂၆)
👍9
September 4, 2026 112