စိတ်ထောင်ချောက် ( ၁၂ )
===============
တဖြည်းဖြည်း သေနတ်သံတို့ တိတ်ဆိတ်လုနီးပါး ဖြစ်သွားသည်။ ကြိုကြား ကြိုကြား ကြားနေရသည့် သေနတ်သံတို့သည်လည်း ရွာကလေးနှင့် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားပါတော့ ၏။
*****************************
“အဲဒီနောက် အစ်ကိုတို့ ဘယ်ရောက်သွားကြလဲဟင်”
ညီမလေး မအိက စိတ်ဝင်တစား မေးသည်။ သူ ပြန်ပြောင်း၍ မတွေးချင်သောဘဝ၊ သူ ပြန်ပြောင်း၍ မပြောချင်သောဘဝအကြောင်းကို ရင်ထဲပေါ့ပါးသွားစိမ့်သောငှာ ရင်ဖွင့်မိရပါတော့ သည်။ အနေကြာလာသည်နှင့်အမျှ မိသားစုပမာ ရင်းနှီးခဲ့ပြီမဟုတ်လားလေ။ မအိ၏ အမည်ရင်းက အိသက်ထားဇင်ဖြစ်ပြီး သူ့ထက်ငယ်ရွယ်သည့်အတွက် ညီမလေးတစ်ယောက်ပမာ မအိဟုသာ တရင်းတနှီးပြောဆိုပါသည်။ ခင်စရာကောင်းသည့် မအိကလည်း သူ့အပေါ် အစ်ကိုတစ်ယောက်ပမာ ဆက်ဆံလာပါသည်။
ဆက်လက်ဖတ်ရှုရန်

2September 4, 2026 720 6