မြေအောက်ဆေးရုံ ရှာပုံတော်နှင့် သူ၏မျိုးဆက်
===========================
၂၁၂၃ ခုနှစ်၏ တစ်ခုသော ညနေခင်းဝယ်…
ရှည်လျားဖြူဖွေးသော ဆံပင်၊ ရှည်လျားကောက်ကွေးသော မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးကြီး တစ်ဦး လမ်းမထက်ဝယ် ကစားနေသည့် ကလေးတစ်သိုက်ရှေ့ ရောက်လာလေသည်။ အဘိုးကြီး၏ ပုံစံမှာ နှစ်နဲ့ချီပြီး ဝဝလင်လင် မစားမသောက်ရသူတစ်ယောက်နှယ် ပိန်လိန်နေလျက်ရှိပြီး ခါးက ကိုင်းနေသည့်အတွက် တောင်ဝှေးကို အားပြုနေရသည်။ မျက်နှာသည်လည်း ကြောက်စရာအသွင် ဆောင်နေသည့်အတွက် ကလေးတစ်သိုက် လန့်ဖျပ်ကာ ထွက်ပြေးကြလေတော့သည်။ ထိုအခြင်း အရာကို မြင်လိုက်ရသည့် ကလေးများ၏ ဖခင်ဖြစ်ဟန်တူသူက ဒေါသတကြီး ပြေးလွှားရောက်ရှိလာ လေသည်။ ဖခင်ဖြစ်သူ၏ ဒေါသအမျက်သည်ကား အဘိုးကြီးကို မြင်လိုက်ရချိန်ဝယ် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး သနားကရုဏာစိတ်တို့ အပြေးအလွှားဝင်ရောက်လာလေသည်။
“အို အဘ… ဘယ်က ဘယ်ကို သွားမှာပါလိမ့်၊ ကျွန်တော် ဘာများကူညီပေးရမလဲဗျာ”
ဆက်လက်ဖတ်ရှုရန်

1
1August 21, 2026 1.7K 5