မုံရွာမှာ ဒုရဲအုပ်လင်မယားပစ်ခတ်ခံရပြီး သေဆုံး
စက်တင်ဘာလ ၇ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးရှိ ဆောက်လက်စ အကျဥ်းထောင်ဂိတ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ၎င်းရဲ့ဇနီးကို ပစ်ခတ်ခဲ့ရာ ၂ဦးလုံး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"လုံခြုံရေးအရ ဘယ်လိုရှင်းလင်းခဲ့တာကို အသေးစိတ် ပြောပြလို့မရလို့ပါ။ လမ်းကနေ ဖြတ်ရှင်းခဲ့တာပါ"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ဒုရဲအုပ်ကိုင်ဆောင်တဲ့ ပစ္စတို ၁လက်နဲ့ စကားပြောစက် သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။
၎င်းဒုရဲအုပ်လင်မယားဟာ အကျဉ်းထောင် ဂိတ်ကနေအနီးအနားရှိ လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်း ၊ နွားကျောင်းတဲ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Titans Force -Monywa LPDF ( မုံရွာမြို့နယ်၊ တိုက်နယ် (၂) ပကဖ တိုက်ခိုက်ရေးအဖွဲ့)က ပြုလုပ်ခဲ့တာလို့ အသိပေးထားပါတယ်။
မုံရွာမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်တပ်က နေ့စဥ် အိမ်စီးကားတွေနဲ့ပတ်ကာ မြို့ပေါ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံနေရပါတယ်။
(သိမ်းဆည်းရမိတဲ့ ပစ္စတိုနဲ့ စကားပြောစက်။ ဓါတ်ပုံ - မုံရွာပကဖ)
#LNO
#HlaingInfo

47
12
4
2September 7, 2026 2.1K 3