ဆိပ်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပါရာမော်တာ ၁ စင်းပျက်ကျ
စက်တင်ဘာလ ၈ ရက်
မကွေးဒေသ၊ ဆိပ်ဖြူမြို့နယ်မှာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ ပျံတက်လာတဲ့ ပါရာမော်တာ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ ပကဖ အသံက ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဆိပ်ဖြူ အခြေစိုက် ကပစ (၂၂)မှ တက်လာတဲ့ စက်တပ်လေထီး ၁ စင်းဟာ စက်တင်ဘာ ၇ ရက်၊ မနက် ၉ နာရီခွဲမှာ ပျက်ကျသွားခဲ့တာပါ။
အဆိုပါ ပါရာမော်တာဟာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ ကပစ ၂၂ မှ ခဏတာ ပျံဝဲခဲ့ပြီး၊ အရှေ့တောင် အရပ်ကို ပျံသန်းလာချိန် ယင်းတို့ရဲ့ အကြမ်းဖက် စစ်တပ် နယ်နမိတ်ထဲမှာဘဲ ပျက်ကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ စတင်ကာ စက်တပ်လေထီးတွေကို ကျယ်ပြန့်စွာ အသုံးပြုပြီး၊ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ပြည်သူများ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
မကွေးဒေသထဲက ပခုက္ကူ နဲ့ ပေါက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးတွေကို တော်လှန်ရေးဘက်မှ ပစ်ချ ဖျက်ဆီးနိုင်ခဲ့ပါတယ်။
#PVTV
#HlaingInfo

22
17
2September 8, 2026 1.6K 2