ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံး
စက်တင်ဘာလ ၈ ရက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ရေဦး မြို့နယ်ပြည်သူ့ကာရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၈ မိနစ်အချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ Gyrocopter ၃ စီး၊ Mi 35 စစ်ရဟတ်ယာဉ် ၁ စီး တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
"တိုက်ပွဲမဖြစ်ဘဲ ဗုံးကျဲတာပါ။ ပြည်သူ ၇ ဦး သေဆုံးပါတယ်။ သေဆုံးသူတွေက အရပ်သားတွေပါ။ ကားတွေရော အိမ်တွေရော ထိခိုက်ပျက်စီးပါတယ်။" ဟု ရေဦးမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ရေဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး တော်လှန်ရေးတပ်များနှင့် စစ်တပ်အကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။
"ရေဦးဘက်မှာကတော့ စစ်ရေး အခြေအနေက တင်းမာနေတယ်။ ပြည်သူတွေအနေနဲ့ကတော့ လေကြောင်းအန္တရာယ်ရော၊ စစ်ကြောင်းအန္တရာယ်ရော ရင်ဆိုင်နေရတယ်" ဟု ရေဦးမြို့နယ် အခြေ စိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
#KTM
#HlaingInfo

49
3
2
1
1September 8, 2026 2.6K 3