မင်းအောင်လှိုင်၏ သံခင်းတမန်ခင်း ပတ်စာခွာ ဖျာသိမ်းတော့မည်… — Hlaing Info — TG.ME

မင်းအောင်လှိုင်၏ သံခင်းတမန်ခင်း ပတ်စာခွာ ဖျာသိမ်းတော့မည် - ရှေ့ဘာဆက်လုပ်မည်နည်း
******

မင်းအောင်လှိုင်သည် ဟနွိုင် တွင် ဗီယက်နမ်-မြန်မာ စီးပွားရေး ဖိုရမ် ဖြစ်မြောက်အောင် စီစဉ်ခဲ့ပြီး ၎င်း ကိုယ်တိုင် တက်ရောက်ခဲ့သော်ငြားလည်း မည်သို့သော ရင်းနှီး မြုပ်နှံမှု အသစ် ဟူ၍ တခုတလေမျှ ထွက်မလာဘဲ လက်ချည်း ဗလာ နှင့် တနင်္ဂနွေ့နေက ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ၎င်း၏ အာဆီယံ ထိုးစစ် မစမီ ဒေါ်အောင် ဆန်းစုကြည်အား ထုတ်ပြပြီး ပျားရည် နှင့် ဝမ်းချခဲ့သည်၊ အာဆီယံ နိုင်ငံများကလည်း ထိုမျှ လောက်နှင့် ရပြီ ဆိုကာ လက်ခံခဲ့သည်၊ အာဆီယံ အဖွဲ့ကြီးသည် သဘောထား တူညီစွာ ရပ်တည် နိုင်စွမ်း မရှိသည့် အဖွဲ့ကြီး အဖြစ် ကမ္ဘာအလယ်တွင် ဗူးပေါ်သလို ပေါ်သွားခဲ့ခြင်းသာ အဖတ်တင်ခဲ့သည်။

မင်းအောင်လှိုင် အနေနှင့်လည်း ထိုကဲ့သို့ မီးရောက်အောက်တွင် နေခဲ့ရသည့် အချိန်ကလည်း ခဏတာ မျှသာ ဖြစ်သည်။ ၎င်း၏ ကမ္ဘောဒီယား ခရီးစဉ် အပြီးတွင် ပတ်စာခွာ ဖျာသိမ်းရတော့မည် ဖြစ်သည်။

ဤသည်ကလည်း ၎င်း၏ သံတမန် ထိုးစစ် ‌အရှိန်အဟုန်ကို စီးပွားရေး အကျိုးအမြတ်များအဖြစ်သို့ ပြောင်းလဲရန် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်သည်ကို သဘောပေါက်သွား လောက်ပြီ ဖြစ်သည်။

ရင်းနှီးမြုပ်နှံ မှု ဖြစ်လာအောင် ကလည်း တိုင်းပြည်တွင် အလုပ်လုပ် နိုင်သူ အင်အား မကျန်တော့၊ အရွယ်ရောက်သူ တိုင်း စစ်ထဲ ဆွဲသွင်းနေရ၍ စီးပွားရေး၏ အဓိက မောင်းနှင်အား ဖြစ်သည့် အလုပ်သမား အင်အား ဟူ၍ မယ်မယ်ရရ မရှိတော့သော တိုင်းပြည်သို့ ကိုယ်လူ ကိုယ်ခေါ်၍ လာလုပ်ရမလို ဖြစ်နေ၍ cheap labour ဆိုသည့် ဆွဲဆောင်မှုက အလိုလို နေရင်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

နည်းပညာမြင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်သွားခြင်း၊ လူငယ်များအပြင်သို့ မထွက်ရဲ လောက်‌ အောင် ဖြစ်လာ၍ ဝယ်လိုအား ဆုတ်ယုတ်ကာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ပျက်စီးခြင်း သို့ ဦးတည်လာနိုင်ပေသည်။

ပြည်တွင်းရှိ လူငယ်များ စစ်မှုထမ်းဥပဒေကို ရှောင်ကွင်းပြီး သင်္ဘောသားအလုပ်အကိုင် အကြောင်းပြကာ ပြည်ပသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေသည်ဟု ယူဆလာကာ ပိတ်ဆို့ဖြတ်တောက်လာပြန်သည်။

၎င်း အနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကြီးစားများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဗျူဟာမြောက် ကူညီမှု ကိုသာ အဓိကအားကိုးရတော့မည် ဖြစ်သည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အကြီးစားများ ဆိုသည်ကလည်း တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများကို တရုတ်လုပ်သားများနှင့် နည်းပညာအကူအညီဖြင့် အရှိန်မြှင့်တင်ပြီး ဖြတ်သန်းခနှင့် အခွန်အခများမှတစ်ဆင့် နိုင်ငံခြားဝင်ငွေ ရှာဖွေလာ ပေမည်။

ထိုင်း ဖက်က မျှော်လင့်၍ ရသည်က လည်း ပင်လယ်ပြင်တွင် သဘာဝ ဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည်၊ ထိုင်းသည် တနိုင်ငံလုံး မီးလင်းဖို့ သဘာဝ ဓါတ်ငွေ့ ၁၅ ရာနှုန်း ခန့်အား မြန်မာမှ အားကိုးအားထား ပြုနေရသည်။

ဇွန်လအတွင်း မင်းအောင်လှိုင် ဘီဂျင်းသို့ ရောက်ခဲ့စဉ်က လက်ရှိ ဘာမှ ပြန်မစနိုင်သေးဘဲ ရပ်တန့်နေခဲ့သည့် မီးရထားလမ်းနှင့် ကားလမ်းများအပါအဝင် CMEC (တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ) စီမံကိန်းများကို တရုတ်နိုင်ငံအနေဖြင့် ပြန်လည်အသက်သွင်း နိုင်ရန် အလွန်အမင်း မျှော်လင့်နေကြောင်း ၎င်းအား ပြောကြားခဲ့သည်ဟု နစ်ကီ အေးရှား တွင် ရေးသားထားသည်။ ထို့အတွက် CMEC ကို အဆင်ပြေချောမွေ့စေရန်အတွက် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ပြ နေကြရသည်။ ၎င်းအပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်တလျှောက်အပြင် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း အဓိကထိုးစစ်များကို စတင်လုပ်ဆောင်နေသည်။

ထိုးစစ်များဟု ခေါင်းစဉ် တပ်ထားသော်လည်း လေကြောင်းမှ ဗုံးကြဲ နေမှု ကို ဖယ်ထားမည် ဆိုလျင် အဓိကအားဖြင့် ‌စစ်တွေ နှင့် ကျောက်ဖြူတဝိုက်ရှိ အာရက္ခ တပ်များကို တွန်းလှန်နေခြင်းသာ ဖြစ်သည်။ စက်တင်ဘာ ၄ ရက်တွင် စစ်တွေ တွင် တပ်အင်အား ဖြည့်တင်းပြီး ပုဏ္ဍားကျွန်း ကို အင်အား။၁,၀၀၀ ခန့် ဖြင့် ထိုးစစ်ဆင်လာသော စစ်အုပ်စု တပ်များသည် အကျအဆုံးများစွာ ဖြင့် တပ်လန်သွားသည်ဟု ဒေသ သတင်းအရင်းအမြစ်များအား ကိုကား၍ ဒီဗီဘီ တွင် ဖေါ်ပြထားသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍51❤11😁3
September 9, 2026 2.3K 3 3