ဗန်းမော်သို့ ရိက္ခာနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်သင်္ဘော ၃ စီးကို KIA က ထပ်မံ တိုက်ခိုက်နစ်မြုပ်၊
▪️ယနေ့ စစ်သင်္ဘောနှင့်ကုန်တင်သင်္ဘော ၅ စီးကို နစ်မြုပ်နိုင်ခဲ့သဖြင့် ဖျက်ဆီးနိုင်ခဲ့သော သင်္ဘော ၁၃ စီးအထိရှိလာ
စက်တင်ဘာ ၉ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ရိက္ခာနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်သင်္ဘော ၃ စီးကို ဧရာ၀တီမြစ်အတွင်း KIA က ယနေ့ ထပ်မံ တိုက်ခိုက်နစ်မြုပ်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ဗန်းမော်ဘက်သို့ ရိက္ခာနှင့် ကုန် ပစ္စည်းများ ပို့ဆောင်ပြီး ပြန် လည် စုန်ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ သင်္ဘော ၃ စီးကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇင်းဘုံကျေးရွာအောက် ဝဲမကြီးအနီး ရှေ့ဆုံးမှ ဦးဆောင်လာသည့် တိုက်ခိုက်ရေး စစ်သင်္ဘော ၁ စီးမှာ မြုပ်သွားခဲ့ကြောင်း၊ ယင်းနောက် ဒုတိယ တိုက်ခိုက်ရေး စစ်သင်္ဘော ၁ စီးမှာလည်း KIA ၏ တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ယနေ့ ဗန်းမော်မြို့နယ် မြလည်ကျေးရွာ အထက်နားတွင် သင်္ဘော ၁ စီးကိုလည်း မီးလောင်ပျက်စီးအောင် KIA က တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း ရွှေကူမြို့နယ်အတွင်း ကမ်းကပ်ရပ်နားထားသည့် စစ်ကောင်စီ၏ သင်္ဘော ၂ စီးကိုလည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ တစ်နေ့တည်း စစ်သင်္ဘောနှင့်ကုန်တင်သင်္ဘော ၅ စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
"ဒီနေ့ ဗန်းမော်ကို ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ ပို့ပြီးတော့မှ ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို KIA နဲ့ ပူး ပေါင်းတပ်တွေက ဇင်းဘုံအောက် ဝဲမကြီးနားမှာ ဒရုန်းတွေနဲ့ ကြားဖြတ် တိုက်ခိုက်တာ ရှေ့ဆုံးက တိုက်သင်္ဘော ၁ စီးကတော့ မြုပ်သွားတယ်။ ဒုတိယ တိုက်သင်္ဘောကလည်း တစ်ဝက်မြုပ်သွားပြီး တစ်ဝက်ပဲ ရေပေါ်ပေါ်နေတယ်။ နောက်တစ်စီးကတော့ မြလည် အထက်နားလေးမှာ မီးလောင်သွားပြီဆိုတော့ ၃ စီးပေါ့။ ပြီးတော့ ရွှေကူမှာ ကမ်းကပ်ရပ်နားနေတဲ့ ၂ စီးကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ကြောင့် KIA ပူးပေါင်းတပ်များက ယခု သီတင်း ၂ ပတ်တာကာလ အတွင်း တိုက်ခိုက်ရေး စစ်သင်္ဘောများနှင့် ကုန်တင် သင်္ဘောများ အပါအဝင် စုစုပေါင်း သင်္ဘော ၁၃ စီးကို တိုက်ခိုက်ဖျက်ဆီးထားနိုင်ကြောင်း သိရှိရသည်။
"အခုက စစ်ခွေး တိုက်ခိုက်ရေး သင်္ဘောက ကျနော်တို့ တိုက်ခိုက် ဖျက်ဆီးလိုက်လို့ ကုန်ပြီပေါ့။ ဒီတစ်ခေါက် ဗန်းမော်တက်လာတဲ့ သင်္ဘောတွေကတော့ ကုန်သလောက်ရှိသွားပြီ။ ကုန်တင်သင်္ဘောတွေကတော့ ၈ စီးပေါ့။ ကျနော်တို့ ဖျက်ဆီးနိုင်ခဲ့တာ တိုက်သင်္ဘောက ၃ စီးဆို အားလုံး ၁၁ စီးပေါ့။ တိုက်ခိုက်ရေး စစ်သင်္ဘောက ၃ စီးပဲ တက်လာတာ ၃ စီးလုံးကို တိုက်ခိုက် နစ်မြုပ်နိုင်ခဲ့တယ်။ ပထမ အားလုံးပေါင်း ၁၁ စီး၊ ဒုတိယ အသုတ်မှာ ၂ စီးဆို ၂ ပတ် အတွင်း ၁၃ စီးကို ဖျက်ဆီးထားနိုင်ခဲ့ပြီ" ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောများက မန္တလေးဆိပ်ကမ်းမှတစ်ဆင့် ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ ဗန်းမော်မြို့သို့ စစ်ကူနှင့်လက်နက်ခဲယမ်းများကို ပို့ဆောင်နေခြင်းဖြစ်သည်။
#KTM
#HlaingInfo

60
30
4
3September 9, 2026 2.1K 4