ကျောက်ပန်းတောင်းမြို့လယ်ခေါင်တွင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ၊ အမျိုးသား ၆ ဦး ပါသွား
စက်တင်ဘာလ ၈ ရက်
မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့လယ်ခေါင်တွင် အရပ်ဝတ်များက စစ်မှုထမ်းအတွက် ပြန်ပေး ဆွဲ ဖမ်းဆီးခဲ့ရာ အမျိုးသား၆ဦး ပါသွားကြောင်း သိရသည်။
စက်တင်ဘာ၇ရက်၊ညနေ၆နာရီကျော်တွင် ကျောက်ပန်းတောင်းမြို့၊အမှတ်၅ရပ်ကွက်၊ ရွှေကံ့ကော် လက်ဖက်ရည်ဆိုင်ရှေ့၌ Double Cab ကားတစ်စီးနှင့် Crown ကားတစ်စီးရပ်ကာ လမ်းသွားလမ်း လာ အမျိုးသားများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ အစိုးရတု အုပ်ချုပ်ရေးဝန် ထမ်းတစ်ဦးထံက သိရသည်။
“ရွှေကံ့ကော်ဆိုတာ ကျောက်ပန်းတောင်းမြို့လယ်ခေါင်က နာမည်ကြီး လက်ဖက်ရည်ဆိုင်။အဲဆိုင်နဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ကနေ ဆွဲသွားတာ။ရွှေကံ့ကော်ဘေးမှာ ကျောက်ပန်းတောင်းပလာဇာ ရှိတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ဖမ်းဆီးခံရသူတို့၏ အသက်အရွယ်အပိုင်းအခြားကိုမူ မသိရှိကြောင်း ၎င်းက ဆိုသည်။
“အချိန်က နည်းနည်းမှောင်နေပြီ။ အနားလည်း သွားမကြည့်ရဲဘူး။ကျနော် မြင်မိကြားမိသမျှ အခုလို မြို့လယ်ခေါင်မှာ ပေါ်တာဆွဲတာ ပထမဆုံးအကြိမ်ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာပထမပတ်အတွင်း ကျောက်ပန်းတောင်းမြို့ပေါ်တွင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့တစ်ပတ်လောက်ကတော့ ဘူတာဘက်ထဲ ဆွဲတယ်။ကျန်တာကတော့ လှည့်ပတ်ပြီး ဆွဲနေ တာပဲ”ဟု ၎င်းက ပြောသည်။
ကျောက်ပန်းတောင်းမြို့ပေါ်တွင် ၁၂လရာသီ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲနေသလို ပြီးခဲ့သည့်ဇူလိုင် မှစတင်ကာ စစ်မှုထမ်းကြေးလည်း ကောက်ခံလျက်ရှိသည်။
ပြန်ပေးဆွဲခံရသူများကို ကျောက်ပန်းတောင်းမြို့နယ်ထွေအုပ်ရုံး၌ တစ်ညထားကာ နောက်တစ်ရက်၌ ကျောက်ပန်းတောင်းအမြောက်တပ်သို့ ပို့ဆောင်ကြောင်း သိရသည်။
#MPA
#HlaingInfo

53
1
1September 8, 2026 2.4K 6