ကိုကိုကြီး၏ ပြည်သူ့ပါတီမှ တနင်္သာရီတိုင်း လွှတ်တော်အမတ် ၂ ဦးကို… — Hlaing Info — TG.ME

ကိုကိုကြီး၏ ပြည်သူ့ပါတီမှ တနင်္သာရီတိုင်း လွှတ်တော်အမတ် ၂ ဦးကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အမတ်ရာထူးမှ ဖယ်ရှားပြီး ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ် ၂ ဦးဖြင့် အစားထိုး

စက်တင်ဘာလ ၈ ရက်

ကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂ ဦးကို  လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားဖြုတ်ပယ်လိုက်ပြီး  ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ် ၂ ဦးဖြင့် အစားထိုးလိုက်ကြောင်း စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က  တနင်္သာရီတိုင်းလွှတ် တော် ရွေး ကောက်ပွဲ အငြင်းပွားတိုင်ကြားမှုနှင့်ပတ်သက်၍  စက်တင်ဘာလ ၇ ရက်နေ့တွင် အပြီးသတ်ဆုံး ဖြတ်ချက်များ ထုတ်ပြန်လိုက်ပြီး ယင်းဆုံး ဖြတ်ချက်များအရ  ပြည်သူ့ပါတီမှ ရွေးကောက်တင်မြှောက်ခံထားရသူ အမတ် ၂ ဦးကို ဖြုတ်ပယ်ပြီး ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ်များဖြင့် အစားထိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းလွှတ်တော်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပသည့် မြိတ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၁ အဖြစ် ရွေးကောက်ခံထားရသည့် ပြည်သူ့ပါတီမှ ခိုင်ဦးကို ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ကာ ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားလိုက်ကြောင်း၊ ပြည်သူ့ပါတီမှ အမတ်၏​ နေရာတွင်  ရွေးကောက်ပွဲ ယှဉ်ပြိုင်အရေးနိမ့်ခဲ့သူ  ကြံ့ဖွတ်ပါတီမှ ဝင်းကြူကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်းလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် ၁ တွင် ပြည်သူ့ပါတီမှ ရွေးကောက်ခံထားရသည့် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂ တင်စိုးကိုလည်း ကိုယ်စားလှယ်အဖြစ်မှ ဆက်လက်ရပ်တည်ခွင့်မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ၎င်း၏နေရာတွင်  ကြံ့ဖွတ်ပါတီမှ မြမြစိမ်းကို အစားထိုးသတ်မှတ်လိုက်ကြောင်း သိရှိရသည်။

ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ပြည်သူ့ပါတီမှ ရွေးကောက်ခံထားရသူ ခိုင်ဦးနှင့် တင်စိုးတို့ ၂ ဦးစလုံးသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံလိုက်ရပြီး ၎င်းတို့၏နေရာများတွင် ကြံ့ဖွတ်ပါတီမှ ဝင်းကြူနှင့် မြမြစိမ်းတို့က အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။

စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယင်းဆုံးဖြတ်ချက်များကြောင့် ပြည်သူ့ပါတီက ရရှိထားသည့် တနင်္သာရီတိုင်းလွှတ်တော် ကိုယ်စားလှယ်နေရာ ၂ နေရာကို ကြံ့ဖွတ်ပါတီက အစားထိုးရရှိသွားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့ပါတီမှ ကိုကိုကြီးသည် စစ်တပ်နှင့်အတူ ပူးပေါင်းနေကာ စိုးဝင်း ဦးဆောင်သော ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီတွင် ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ယူလျက်ရှိသည်။ 

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်နေသော ပြည်သူ့ပါတီမှ ကိုကိုကြီးနှင့် မိန်းမ။
#KTM
#HlaingInfo
😁44❤11🔥4
September 8, 2026 2K 3