သထုံမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ကလေးများကိုပါ စစ်မှုထမ်းအတွက်… — Hlaing Info — TG.ME

သထုံမြို့ပေါ်တွင် အသက်မပြည့်သေးသည့် ကလေးများကိုပါ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ

စက်တင်ဘာလ ၈ ရက်

မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင် အသက်မပြည့်သေးသော ကလေးများကိုပင် စစ်မှုထမ်းအတွက် ပြန် ပေးဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

သထုံမြို့ပေါ်၌ စက်တင်ဘာ၆ရက်နှင့် ၇ရက် နေ့ခင်းပိုင်းတွင် ပြည်သူ့စစ်တို့က လမ်းသွားလမ်းလာ လူငယ်များ၊ဘိလိယက်ခုံနှင့် အရက်ဆိုင်ထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အယောက်၂၀ကျော် ပါ သွားကြောင်း သိရသည်။

“မနေ့(စက်တင်ဘာ၇ရက်)က သထုံလဝကရုံးမှာ အဖမ်းခံထားရတဲ့ ကလေးတွေထဲက အသက်မ ပြည့်သေးတဲ့ ၅ယောက်လောက်ကို လက်ထိပ်ခတ်ပြီး မှတ်ပုံတင်လာလုပ်ပေးနေတယ်”ဟု မွန်ပြည် နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။

သထုံမြို့၊လိပ်အင်းရပ်ကွက်ထဲရှိ အရက်ဆိုင်ထဲတွင် ဖမ်းဆီးခံရသော သက်ကြီးပိုင်းအမျိုးသားများကို ငွေ၃သိန်းတောင်းကာ ပြန်လွှတ်ပေးပြီး လူငယ်များအနက် သိန်း၁၀၀ကျော် ပေးနိုင်သည့် လူငယ်၂ဦး ပြန်လွတ်လာသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ဖမ်းဆီးခြင်းကို သထုံမြို့ ပျူစောထီးခေါင်းဆောင် ဖိုးထူးတို့သားအဖက ဦးဆောင်ကာ လုပ် ဆောင်နေပြီး ဖမ်းဆီးထားသူများအား သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမှတ် ၉ စစ်အခြေခံလေ့ ကျင့်ရေးတပ် (လေ့ကျင့်ရေး ၉)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

“မနေ့(စက်တင်ဘာ၇ရက်)က နတ်ကျွန်း(သထုံမြို့၊လိပ်အင်းရပ်ကွက်၊နတ်ကျွန်း)ထဲက ကုန်စုံဆိုင် ကြီးက အလုပ်သမား၃ယောက် အလုပ်ပါးလို့ လမ်းဘေးမှာ ထိုင်နေတုန်း ဖမ်းသွားတယ်”ဟု သထုံ မြို့၊ဘင်လှိုင်ရပ် ကွက်သားတစ်ဦးက ပြောသည်။

ဘင်လှိုင်ရပ်ကွက်၊မရမ်းချောင်ရှိ ဘိလိယက်ခုံနှင့် လိပ်အင်းရပ်ကွက်၊ရွာဦးရှိ ဘိလိယက်ခုံတို့ကို ပျူ စောထီးတို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ဒီနေ့(စက်တင်ဘာ၈ရက်)တော့ ဘာသံမှ မကြားသေးဘူး။မင်းလမ်း(သထုံမြို့အဓိကလမ်းမကြီး)ပေါ် မှာတောင် လူမရှိဘူး။ အကုန် အပြင်မထွက်ရဲကြဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

စက်တင်ဘာ၆ရက်ကလည်း သထုံပြည်သူ့ဆေးရုံကြီးရှေ့ လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို ပျူစောထီးတို့က ကားပေါ်ဆွဲတင်သွားကြောင်း သိရသည်။

#MPA
#HlaingInfo
🤬46❤1
September 8, 2026 1.9K 7