SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်းယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးယူနစ် တို့ပါဝင်လာ
စက်တင်ဘာလ ၈ ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မှာ အဖွဲ့ဝင်အသစ်တွေ အဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ် ၊ မန္တလေးဒေသ နဲ့ မကွေးဖက်ဒရယ်ယူနစ် တို့ ပါဝင်လာပြီဖြစ်တယ် လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်အသစ်တွေကို အတည်ပြုခဲ့ ကြတာပါ။
အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ရဲ့ အလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက် ထားရှိမှုတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြရန် သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ နဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF ရဲ့ အဖွဲ့ဝင်အသစ်များအဖြစ် အတည်ပြုခဲ့ကြပါတယ်။
အဲဒီနောက် ဖက်ဒရယ်ယူနစ်အသီးသီးမှ ကိုယ်စားလှယ်တွေက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကောင်စီဝင်စာရင်းကို အတည်ပြပြီး သဘာပတိက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ မူလက KIO ၊ KNU ၊ CNF ၊ KNPP ၊ CRPH နဲ့ NUG တို့ ၆ ဖွဲ့ရှိခဲ့ရာ အခု ၃ဖွဲ့ထပ်မံဝင်ရောက်လာတဲ့အတွက် ၉ ဖွဲ့အထိ ရှိသွားပြီလည်းဖြစ်ပါတယ်။
#PVTV
#HlaingInfo

37
15
1
1September 8, 2026 1.3K 2