မြင်းခြံနှင့် တောင်သာ အရှေ့ဘက်ခြမ်းရှိ ဈေးကားနှင့် ဆိုင်ကယ်များကို မြို့ထဲသို့ ဝင်ခွင့်ပိတ်
စက်တင်ဘာလ ၅ ရက်
မြင်းခြံနှင့် တောင်သာ အရှေ့ဘက်ခြမ်းရှိ ဈေးကားနှင့် ဆိုင်ကယ်များကို စစ်တပ်က မြို့ထဲသို့ အဝင်မခံတော့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ၅ရက်)မှ စ၍ ၁၀ရက် သို့မဟုတ် ၁၅ရက်အတွင်း မန္တလေးတိုင်း၊မြင်းခြံနှင့် တောင်သာအရှေ့ဘက်ခြမ်းကို မြို့ထဲသို့ အဝင်ကန့်သတ်ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်ထားသည်။
“မြင်းခြံမြို့အရှေ့ဘက်ခြမ်းဆိုတာ PDF စိုးမိုးနယ်မြေ။တလောကပဲ စံပြရွာက ခွေးအထိုင်စခန်းကို PDF တက်သိမ်းထားတာ ခံထားရတော့ စစ်ကြောင်းထိုးမလို့ မြို့ထဲအဝင်ပိတ်တာလား မသိဘူး။ ဖြတ်၄ဖြတ် လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု မြင်းခြံခရိုင် စစ်ရေးသတင်းရင်းမြစ်က MPAသို့ပြော သည်။
မြင်းခြံမြို့အရှေ့ဘက်ခြမ်းမှရွာများသည် မြင်းခြံမြို့ထိပ်ရှိ ခမရ ၁၅ တပ်ရင်း ဂိတ်ကို ဖြတ်ပြီးမှ မြင်း ခြံမြို့ထဲသို့ ဝင်၍ရကြောင်း သိရသည်။
“တောင်သာဆိုရင်လည်း တောင်သာအရှေ့ဘက်ခြမ်းက စစ်တပ်ဂိတ်၂ဂိတ်ကို ဇူလိုင်လကုန်ပိုင်းက PDF ဝင်ကြိတ်ထားတာရှိတယ်။အခု တောင်သာအရှေ့ခြမ်းကို တောင်သာမြို့ထဲ အဝင်ပိတ်တာ အဲကိ စ္စနဲ့ ဆက်စပ်မယ်ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ်၂၆ရက်က မြင်းခြံမြို့နယ်၊စံပြရွာ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင် ရောက်တိုက်ခိုက်ကာ ယာယီသိမ်းပိုက်ခဲ့သည်။
ဇူလိုင်၂၈ရက်ကလည်း တောင်သာမြို့အဝင်ရှိ မန်ကျည်းရိုးဂိတ်နှင့် ဗိဿနိုးစစ်ဆေးရေးဂိတ်တို့ကို PDF တို့ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။
ဓာတ်ပုံ-မြင်းခြံမြို့ရဲ့ပုံရိပ်များ ဖေ့စ်ဘွတ်ခ်
ပုံစာ- မြင်းခြံမြို့
#MPA
#HlaingInfo

16
3
1September 5, 2026 996 2