ဒီပဲယင်းမှာ ရိက္ခာရှာထွက်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ အလောင်းနဲ့ လက်နက် ရ၊
စက်တင်ဘာလ ၅ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ထဲ ခိုအောင်းနေပြီး ရိက္ခာပြတ်ချိန် ရိက္ခာရှာထွက်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ အလောင်းနဲ့ လက်နက် သိမ်းဆည်း ရရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ရက် မနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်ကနေ ရိက္ခာရှာထွက်လာတဲ့ စစ်အုပ်စုကို ဒီပဲယင်း မြို့နယ် ပ.က.ဖ ရဲ့ တိုက်နယ်(၁)နဲ့ တိုက်နယ်(၂) ပကဖ တို့ ပူးပေါင်းပြီး တိုက်ခိုက်ရာ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု နောက်ပြန်လှည့်ပြေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်တဲ့နေရာကို စက်တင်ဘာ ၄ရက်မှာ တော်လှန်ရေး ရဲဘော်တွေက သွားရောက်ပြီး စစ်ဆေး ကြည့်ရှု့ရာ စစ်အုပ်စု အလောင်းတစ်လောင်းနဲ့ MA-1 သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ အဖြူရောင် ဒီပဲယင်း ပကဖ က ဖော်ပြပါတယ်။
သေဆုံးသူဟာ ဒီပဲယင်းမြို့ ရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုထဲက တပ်ကြပ်အဆင့် ကျော်ဆန်းဝင်း ဆိုသူ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဒီပဲယင်းနယ်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပေမယ့် စစ်အုပ်စု အမြစ်မပြတ်သေးဘဲ မြို့ပေါ်မှာ ခိုအောင်းနေဆဲ ဖြစ်ပါတယ်။
ဒီပဲယင်းရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ ရိက္ခာပြတ်ကာ ငတ်လာတိုင်း အနီးဝန်းကျင်ကို စီးနင်းကာ ဖောက်ထွင်းလုယက် ခိုးယူလေ့ရှိပြီး တော်လှန်ရေးတပ်တွေကလည်း ခိုအောင်းရာနေရာက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက် သုတ်သင်နေတာ ဖြစ်ပါတယ်။
#MFP
#HlaingInfo

32
11
8
1September 5, 2026 2.4K 2