ဗီယက်နမ်ထံမှ မင်းအောင်လှိုင် ဘာတွေ ညှစ်ထုတ်နိုင်မည်လဲ ******… — Hlaing Info — TG.ME

ဗီယက်နမ်ထံမှ မင်းအောင်လှိုင် ဘာတွေ ညှစ်ထုတ်နိုင်မည်လဲ
******

အာဏာသိမ်း စစ်ခေါင်းဆောင် အဖြစ်မှ သမ္မတဟု ခံယူလာသူ မင်းအောင်လှိုင်သည် ၎င်းအား ဝိုင်းပယ်ထားသည့် အဖြစ်မှ ထိုးဖောက်နိုင်ရန် မရမက ကြိုးပမ်းလာခဲ့ရာမှ ယခုအခါ ထိုင်း၊ လာအို၊ ဗီယက်နမ် နှင့် စက်တင်ဘာ ၁၁-၁၂ တွင် သွားဖို့ ရှိနေသည့် ကမ္ဘောဒီယား ကို ပါထည့် တွက်လျင် အာဆီယံ ဆယ်နိုင်ငံ အနက် လေးနိုင်ငံသို့ ခြေချ နိုင်ခဲ့ပြီး ဖြစ်သည်။

ကမ္ဘောဒီယား သည် ၎င်း၏ နောက်ဆုံး ခရီးစဉ် ဖြစ်နိုင်သည်။ ကျန်သည့် ခြောက်နိုင်ငံက ၎င်းအတွက် ကျောက်ဆောင် ကျောက်သားကြီးများလို မားမားမတ်မတ် တာဆီး နေ‌ ပေသည်။

အာဆီယံသည် မြန်မာအား အဖွဲ့ကြီးမှ မထုတ်ပယ်သေးဘဲ အဖွဲ့ဝင် အဖြစ် လက်ခံထားသော်လည်း မင်းအောင်လှိုင်ကိုတော့ အစည်းအဝေး အနားသို့ ‌ယောင်လို့ပင် ကပ်ခွင့် မပေးဘဲ သတိကြီးစွာ ဖြင့် ဆက်ဆံနေသည်။ မူငါးချက်ကိုလည်း လက်ရှိ နိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက် အဖြစ် စွဲမြဲစွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

မင်းအောင်လှိုင်အတွက်မူ အာဆီယံအဖွဲ့ဝင် တနိုင်ငံချင်းအလိုက် ထိတွေ့ဆက်ဆံခြင်းဖြင့် ၎င်းသည် အပယ်ခံ မဟုတ် ကြောင်း ဟိတ်ဟန် ထုတ်နိုင်ပြီး ဒေသတွင်း သံတမန်ရေးရာ လမ်းကြောင်းတခုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဖြေသိမ့်နေရသည့် အဆင့်သာ ရှိသည်။

ဗီယက်နမ်က  ဘာကြောင့် အရေးပါသလဲ ဆိုသည်ကို အိန္ဒိယ၏ Outlook စာစောင်က ယခုလို သုံးသပ်ထားသည်။

ဗီယက်နမ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အပြင် နကိုယ်ကတည်းက ၎င်းတို့နှင့် နိုင်ငံရေး၊ စီးပွားရေးဖက်တွင် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံ ဖြစ်၍ ၎င်းအတွက် အထူးပင် အသုံးဝင်လှသည်။

ဗီယက်နမ်သည် ၎င်းတို့ အတွက် စီးပွားရေးမိတ်ဖက်ဖြစ်လာနိုင် ခြင်းနှင့် အာဆီယံ သို့ ပြန်ဝင်နိုင်ရေး တွင် ကြားခံညှိနှိုင်းပေးသူ အဖြစ် အသုံးဝင်လာနိုင်သည်။

ဗီယက်နမ်အစိုးရ အနေဖြင့် လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်မှန်သမျှကို ထောက်ခံအတည်ပြုနေသည်ဟု ယူဆ၍ မရပြန်။ သို့သော်လည်း ၎င်းတို့အတွက် ဆက်လက် လှုပ်ရှားနေနိုင်သည့် အရှေ့တောင်အာရှဒေသတွင်း သံတမန်ရေးရာ ဆက်ဆံရေး လမ်းကြောင်း တခုကို ရရှိလာသည်။

မင်းအောင်လှိုင်သည် လတ်တလောတွင် ဗီယက်နမ်ထံမှ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ အထောက်အပံများ ကို မျှော်မှန်းနေသည်။ တကယ်တမ်းတွင် ဗီယက်နမ်   နှင့် ကုန်သွယ်‌ ရေး ပမာဏ သည် သိသိသာသာ ကျဆင်းလာ‌ နေသည်။ ထို့အတွက် အနည်းဆုံး ကုန်သွယ်မှုပမာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိရန် လိုလားသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တယ်လီကွန် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေး (လော့ဂျစ်စတစ်) နှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု အပါအဝင် ကဏ္ဍရပ်များတွင် ဗီယက်နမ်ကုမ္ပဏီများ ပိုမိုပါဝင်လာစေရန် တောင်းဆို ဖို့ ရှိနေသည်။

၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ် ရေးသည် ဒေါ်လာ ၈၅၃ သန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၅၉၀ သန်းအထိ ကျဆင်းခဲ့ပြီး၊ ယခု ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင်မူ ဒေါ်လာ ၃၃၅ သန်းသာ ရှိတော့သည်။ ဤသည်ကလည်း ပြည်ပ သွင်းကုန်များကို ပိတ်ဆို့ထားခြင်း ကြောင့်ပင် ဖြစ်သည်။

မြန်မာသည် ဗီယက်နမ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝသယံဇာတ ထွက်ကုန်များကို အဓိက တင်ပို့ နေသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံသို့ အထည်အလိပ် လုပ်ငန်း များ အတွက် လိုအပ်သော ကုန်ကြမ်းများ၊ စက်မှုအပိုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ ကို အဓိက တင်ပို့လျက်ရှိသည်။

ယခုအခါ မြန်မာဖက် က ပဲတီစိမ်းနှင့် မတ်ပဲ၊  ပြောင်း၊ နှမ်းနှင့် ငါး၊ ပုစွန် များသာ တင်ပို့နိုင်၍ ကုန်သွယ်မှုလိုငွေ ပြနေသည့် အခြေအနေ ရောက်နေသည်။

မင်း အောင်လှိုင် အနေဖြင့် ၎င်း မည်သို့မျှ ဖြေရှင်း နိုင်ခြင်း မရှိ‌သည့် ရေရှည်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ရင်ဆိုင်နေရစဉ်အတွင်း စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့လာစေရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေးသည် အထူးပင် အရေးကြီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
👍12❤8🔥2👎1🤬1
September 6, 2026 1.7K 1 2