နတ်မောက်မြို့ အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ် ရဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်
စက်တင်ဘာလ ၅ ရက်
မကွေးဒေသ ၊ နတ်မောက်မြို့ အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးပြီးတော့ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၃ ရက် မနက် ၇ နာရီ ၃၀ ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထနောင်းကုန်းကျေးရွာကနေထွက်လာပြီး သရက်ချောင်းကျေးရွာ နဲ့ ကံလှကျေးရွာကြားမှာ ပဒေသာ မိုင်းနဲ့ တိုက််ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီးတော့ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ် လို့ နတ်မောက် ပကဖ က ပြောပါတယ်။
အဲဒီ အကြမ်းဖက် စစ်ကြောင်းက ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးပြီး အိမ်တွေကို မီးရှို့တာ ၊ ရွှေထည်တွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ရှာဖွေယူဆောင်တာ ၊ ကားနဲ့ လယ်ယာသုံးပစ္စည်း ပိုင်ဆိုင်သူ တွေကို တစ်ဦးလျှင် ကျပ် နှစ်သိန်းကျပ်အထိ တောင်းတာ ၊ အလိုမကျတဲ့အခါ ရိုက်နှက်ခြိမ်းခြောက် တာ တွေ ပြုလုပ်နေတာပါ။
တိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို နတ်မောက် ပကဖ နဲ့ အမှတ် ၉၀၃ ဂဠုန် PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ လို သိရပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကြောင်း နဲ့ တက်နိုင်သမျှ ဝေးဝေး နေကြဖို့အတွက် နဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို လမ်းပြပုံစံနဲ့ ဓားစားခံလုပ်ပြီးခေါ်လေ့ရှိတယ်လို့လည်း နတ်မောက် ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။
#PVTV
#HlaingInfo

40
12
2
2September 5, 2026 1.8K 3