ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁ဦး ပျောက်ဆုံးနေပြန်
▪️LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ
စက်တင်ဘာလ ၄ ရက်
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားမှု စက်တင်ဘာ ၂ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ ရွှေပြည်သာမြို့နယ်ကိုသွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်ဟာ အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Facebook လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
"ဂျပန်သွားခါနီးမှ ပျောက်သွားတယ်။ မနှင်းစန္ဒာသည် ၂ ရက်နေ့ညနေ ၅ နာရီလောက်က စမ်းချောင်းကနေရွှေပြည်သာကိုလာဖို့ ကားငှားနေတယ်လို့ အဆတ်အသွယ်ရပြီးနောက်ပိုင်းမှာ ဖုန်းလည်းအခုထိဆတ်သွယ်မရတော့လို့ပါ။ ကလေးကလည်း ရွှေပြည်သာကိုရောက်မလာပါဘူး။ ဂျပန်သွားခါနီး အဝေးကမိဘတွေကလည်းရောက်နေပေမယ့် ကလေးကပျောက်နေလို့ပါရှင့်"ဆိုပြီး ၎င်းနဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ အကူအညီတောင်းခဲ့တာပါ။
ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ဟာ ဂျပန်နိုင်ငံကို သွားဖို့ပြင်ဆင်နေသူလို့ သိရပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်မှာ အမျိုးသမီးအသွင်ဝတ်စားဆင်ယင်တဲ့ မိန်းမလျာ ၁ဦးကို အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးက သုံးဘီးဆိုက်တွဲယာဥ်ပေါ်တင်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း Tiktok လူမှုကွန်ရက်မှာ ဖမ်းဆီးခံရတဲ့ မိန်းမလျာကိုယ်တိုင် ပြောပြထားပါတယ်။
"ယောကျာ်း ၃ ယောက်နဲ့ မိန်းမတစ်ယောက်က အမှောင်ထဲကနေထိုင်စောင့်ပြီးတော့ ကျွန်မကိုဆွဲတာ။ ပါးစပ်ကို အတင်းပိတ်ပြီး လက်တွေကို ကြိုးတွေနဲ့ ဝိုင်းတုပ်ကြတာ။ အတင်းထွက်ပြေးမြန်လို့ အိမ်ပြန်ရောက်လာတာ။ ဖိနပ်တွေတောင် ကျွတ်တယ်။ ဘောင်းဘီတွေတောင် ပြဲတယ်"လို့ ၎င်းမိန်းမလျာက ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး လူငယ်တွေလည်း မကြာခဏ ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာ ၁ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်နားမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ဦး ကားတစ်စီးနဲ့ ပျောက်ဆုံးနေလို့ မိသားစုဝင်တွေက အကူအညီတောင်းနေပါတယ်။
စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးပေါ်မှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေးကို လူတစ်စုက စက်ဘီးကိုကန်ထည့်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီးတွေကို၁ရက် လူ ၅ယောက်ဆွဲပေးရမယ်လို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်းခေါ်သွားတာကြောင့် နေပြည်တော် အမြန််လမ်းဘက်ကို သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့ကပြောပါတယ် ။
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောငိး လွန်ခဲ့တဲ့ နှစ်ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှု
ထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
(ပျောက်ဆုံးနေသော အမျိုးသမီးငယ်ရဲ့ ရုပ်ပုံ ။ ဓာတ်ပုံံ-လူမှုကွန်ရက်)
#LNO
#HlaingInfo

39
17
3
3
2
1September 4, 2026 2.5K 9