မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်… — Hlaing Info — TG.ME

မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီး လင်မယား ၂ ဦးသေဆုံး

စက်တင်ဘာလ ၄ ရက်

ချင်းဒေသ မင်းတပ်မြို့ပေါ် နဲ့ မြို့အနီးနေရာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး နဲ့ပစ်ခတ်မှု ကြောင့် အသက် (၆၀) ဝန်းကျင်ရှိ လင်မယား ၂ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံတွေ ထံမှ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက်၊ မနက် ၉ နာရီ အချိန်မှာ ကျောက်ထု နဲ့ မင်းတပ်အခြေစိုက် အကြမ်းဖက်စစ်တပ်မှ ၁၂၀ မမကြီးများ နဲ့ အကြိမ် များစွာ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

အဲဒီ ပစ်ခတ်မှုကြောင့် ဥယာဥ်ခြံထဲ နေထိုင်တဲ့ အသက် (၆၀) ဝန်းကျင်ရှိ လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က ညပိုင်းအချိန်မှာလည်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး များ နဲ့ မင်းတပ်မြို့ကို ဦးတည်ပြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရှိရပါတယ်။

#PVTV
#HlaingInfo
🤬28👏3
September 4, 2026 1.5K 1