ဒေါက်တာညီညီဆွေ၏ Galaxy Leader Group လက်ခွဲ Leader တင်ရွှေအောင်က ကျောက်ဖြူမှ စစ်ဘေးရှောင်ပြည်သူများ၏ ငွေ သိန်းထောင်ချီ လိမ်လည် တိမ်းရှောင်၊ Galaxy Leader Groupမှ ငွေကြေးလိမ်လည်ခဲ့ကြသော ခေါင်းဆောင်ဆိုသူအများစု အရေးယူမခံရဘဲ တိမ်းရှောင်နေကြ
စက်တင်ဘာလ ၄ ရက်
Galaxy Leader Group အမည်ဖြင့် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ ဒေါက်တာညီညီဆွေ၏ လက်အောက်တွင် Leader အဖြစ် လုပ်ကိုင်ခဲ့သူ တင်ရွှေအောင်ဆိုသူက ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှ စစ်ဘေးရှောင်ပြည်သူများထံမှ Forex Trading ရင်းနှီးမြှုပ်နှံမှုအမည်ဖြင့် ငွေကြေး သိန်းထောင်နှင့်ချီ ရယူသွားခဲ့ကြောင်း နစ်နာသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နစ်နာသူများ၏ ပြောကြားချက်များနှင့် ၎င်းတို့ထံတွင် ကျန်ရှိနေသည့် ငွေပေးအပ်မှုမှတ်တမ်းများ၊ အသံဖိုင်များအရ တင်ရွှေအောင်သည် Forex Exchange တွင် ငွေကြေးရင်းနှီးမြှုပ်နှံပါက တစ်လလျှင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအထိ ပုံမှန်ရရှိနိုင်မည်ဟု ပြောဆိုစည်းရုံးကာ စစ်ဘေးရှောင်ပြည်သူများထံမှ ငွေကြေးများကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်ခဲ့သူအများစုမှာ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် အခြေအနေများအတွင်း ရရှိထားသည့် ငွေကြေးများနှင့် စုဆောင်းထားသည့် ငွေများကို ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်ကြောင်း နစ်နာသူများက ပြောသည်။
ငွေကြေးပေးအပ်ရာတွင် ဘဏ်မှတစ်ဆင့် ငွေလွှဲပြောင်းခြင်းမဟုတ်ဘဲ တင်ရွှေအောင်ကိုယ်တိုင် ငွေသားများကို လာရောက်လက်ခံယူခဲ့ခြင်းဖြစ်သဖြင့် ဘဏ်ငွေလွှဲမှတ်တမ်းများ မရှိသော်လည်း ငွေကြေးပေးအပ်ခဲ့သည့် နေ့စွဲ၊ ပမာဏနှင့် အခြားအချက်အလက်များကို နစ်နာသူများက ကိုယ်ပိုင်မှတ်စုစာအုပ်များတွင် အသေးစိတ် မှတ်တမ်းတင်ထားကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

41
3
2
1September 4, 2026 1.8K 1 5