မော်လိုက်ခရိုင်၊ ချင်းတွင်းမြစ်အတွင်း၌ စစ်သင်္ဘောအုပ်စုများကို… — Hlaing Info — TG.ME

မော်လိုက်ခရိုင်၊ ချင်းတွင်းမြစ်အတွင်း၌ စစ်သင်္ဘောအုပ်စုများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဘက် မှ အရာရှိ အပါအဝင် ၂၃ ဦး သေဆုံးပြီး စစ်သင်္ဘော ၁ စီးနစ်မြှုပ်ကာ ၅ စီး ပျက်စီး

စက်တင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်သင်္ဘောအုပ်စုများကို တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိ အပါအဝင် ၂၃ ဦး သေဆုံးပြီး စစ်သင်္ဘောတစ်စီး နစ်မြှုပ်ကာ ၅ စီး ပျက်စီးခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ မော်လိုက်ခရိုင်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း အစုန်အဆန်လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီ၏ စစ်ရေယာဉ်တန်း ၂၈ စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်းတပ်ဖွဲ့ဝင်များက “မိချောင်း” စစ်ဆင်ရေး အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကောင်စီတပ်အရာရှိ၊ အခြားအဆင့်များ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းများအပါအဝင် စုစုပေါင်း ထိခိုက်သေဆုံးမှု ၂၃ ဦးရှိ ကြောင်း၊ ထို့အပြင် စစ်သင်္ဘောတစ်စီးကို နစ်မြှုပ်နိုင်ခဲ့ပြီး ၅ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

“အသွားရော အပြန်ရောပါတယ်။ ၈ လပိုင်း ၁၄ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ တော် လှန်ရေးက ကျနော်တို့ထင်တာထက်ကိုအများကြီးအောင်မြင်နေပါတယ်။ မကြာသောအချိန်မှာ ကျနော်တို့ရဲ့ အဆုံးသတ်အောင်မြင်မှုကို ရရှိတော့မှာပါ။ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြပါ၊ ဇွဲမလျော့ကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

#KTM
#HlaingInfo
👍55❤22👏12🔥2😁1
September 2, 2026 3.1K 1 9