ဗန်းမော်မြို့ကို လာနေသည့် စစ်ရေယာဉ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရပြီး သင်္ဘောများပျက်စီး၊ သင်္ဘော ၂ စီး အလံဖြူထောင် (ရုပ်/သံ)
စက်တင်ဘာ ၂ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို လာနေတဲ့ စစ်ရေယာဉ်အုပ်စုကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတွေ ပျက်စီးမှုရှိနေပြီး သင်္ဘော ၂ စီး အလံဖြူထောင်ကမ်း ကပ်လာတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းက ဗန်းမော်ကိုလာတဲ့ စစ်ရေယာဉ်အုပ်စုကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး သင်္ဘောတွေ ထိခိုက်ပျက်စီးမှုများနေတာပါ။ အဲဒီထဲက သင်္ဘော ၂ စီး စီး အလံဖြူထောင်ကမ်းကပ်လာတယ်လို့ သိရပါတယ်။
အလံဖြူထောင်လာတဲ့ သင်္ဘောပေါ်မှာ စစ်သားအများအပြား လိုက်ပါလာတယ်လို့လည်း ကနဦး သိရပါတယ်။
Video-Naw Tu Awng
#မောင်း
#HlaingInfo
66
18
7
5September 2, 2026 2.8K 15