ထားဝယ်မြို့တွင် ပျူစောထီးခေါင်းဆောင် ထွန်းဝင်းနှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ
စက်တင်ဘာလ ၂ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် ထွန်းဝင်းနှင့် မယားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ရဲဘော်များက ၎င်းတို့၏ နေအိမ်သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ပျူစောထီးခေါင်းဆောင် ထွန်းဝင်းထံမှ ပစ္စတို သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည်ဆန် ၃၀ တောင့်၊ အင်္ကျီကုတ် ၁ ထည်၊ ဖုန်း ၁ လုံး ၊ ငွေကျပ် ၂၈၀,၀၀၀ ပါဝင်သော ပိုက်ဆံအိတ် ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
"ပျူစောထီးခေါင်းဆောင် ထွန်းဝင်းက ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ ကောင်မို့လို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ" ဟု Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ယခု တိုက်ခိုက်မှုသည် ရပ်ကွက်နေ ပြည်သူလူထုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က အသိပေး ပြောဆိုထားသည်။
#KTM
#HlaingInfo

30
7
4
1
1September 2, 2026 1.3K 4