မန္တလေးရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့
စက်တင်ဘာလ ၂ ရက်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။
မနေ့ မနက်ပိုင်းက ၈၅ လမ်းနဲ့ ၈၆ လမ်းကြား ၊ကန်တော်ကြီးမီးပွိုင့်အနီးရှိ ရွှေတချောင်းမြောင်းမှာအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းမျောပါလာတာပါ။
“ရေထဲမျောပါလာတာကို တွေ့လို့ အလောင်းကိုဆယ်ပြီး ရင်ခွဲရုံပို့လိုက်ကြတယ်" လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
ရုပ်အလောင်းဟာအသက် ၄၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး ဦးခေါင်းမှာ ရိုက်နှက်ထားတဲ့ ပေါက်ပြဲဒဏ်ရာတွေ တွေ့ရှိရပေမယ့် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မန္တလေး ကန်တော်ကြီးမှာ သတ်ဖြတ်ခံရပြီး ပီနံအိတ်နဲ့ထည့်ထားတဲ့ အမျိုးသားရုပ်အလောင်းတွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့် အဲဒီအမှုမှာလည်း ကျူးလွန်းသူတွေကိုတော့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲက ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ဟာ စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှုအပြီးမှာ မြို့လယ်ကောင်ရှိ ဘဏ်တွေ ၊ ရွှေဆိုင်တွေကို ဓားပြတိုက်မှု အပြင် လုယက်မှု တွေ ၊ လူသတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့တာပါ။
#LNO
#HlaingInfo

47
8
2
1
1September 2, 2026 2.5K 2