တောင်ဒဂုံတွင် စစ်မှုထမ်းအတွက် ဖမ်းဆီးထားသူများကို ၂၁ ရပ်ကွက်အချုပ်၌ ယာယီထား၊ ဆေး ခြောက်၊အရက်နှင့် စိတ်ကြွဆေးပြား အခမဲ့ပေးသုံးဟုဆို
စက်တင်ဘာလ ၂ ရက်
တောင်ဒဂုံမြို့နယ်အတွင်း စစ်မှုထမ်းအတွက် ဖမ်းဆီးထားသူများကို ၂၁ရက်ကွက် အုပ်ချုပ်ရေးမှူး ရုံး အချုပ်ထဲတွင် ထားကာ ဆေးခြောက်၊အရက်နှင့် WYစိတ်ကြွဆေးပြားများ အခမဲ့ပေးသုံးကြောင်း သိရ သည်။
၂၁ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအချုပ်သည် တောင်ဒဂုံမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့ ၏ လက်ပါးစေ ပျူစောထီးတို့ ဖမ်းဆီးမိခဲ့သော လူငယ်များကို ယာယီချုပ်နှောင်ထားရာနေရာဖြစ်ပြီး အချုပ်ထဲ၌ ပြဿနာမရှာသရွေ့ သောက်စားမူးယစ်ခွင့်ပေးကြောင်း ပြီးခဲ့သည့်လက ယင်းအချုပ်ထဲ၌ နေထိုင်ခဲ့သူတစ်ဦးနှင့် နီးစပ်သူထံက သိရသည်။
“ကျနော့်မိတ်ဆွေက မြို့ထဲကနေအပြန် တောင်ဒဂုံ ၂၁(ရပ်ကွက်)ထဲက ကားဂိတ်မှာ ဟင်းဝင်ဝယ် တာ၊မူးလည်းမူးနေတော့ အုပ်ကြီးနဲ့ ပျူတွေက ဘေးတွဲနဲ့ ရိုက်နှက်ပြီး ခေါ်သွားတယ်။ဟိုရောက် တော့ အထဲမှာ ၄ယောက်ရှိနေတယ်။အရက်စိတ်ကြိုက်၊ အသီး(WY)လည်း ချချင်သလိုချ၊ စော်(ပြည့် တန်ဆာ)လိုချင်သလားလို့တောင် မေးသေးတယ်။ထမင်းလည်း ကောင်းကောင်းကျွေးတယ်”ဟု ၎င်း က MPAသို့ပြောသည်။
တောင်ဒဂုံမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်များ၌ လစဉ် စစ်မှုထမ်းကြေးကောက် ခံပြီး ရသည့်ငွေကို ယူကာ စစ်မှုထမ်းအတွက် လစဉ်ပေးရသည့် လူခွဲတမ်းကိုမူ ပေါ်တာဆွဲဖမ်းဆီး ကာ ခွဲတမ်းထက်ပိုပြီး လူဖမ်းမိပါက စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားကြောင်း သိရသည်။
“၂၁ အချုပ်ထဲမှာ ကျနော့်သူငယ်ချင်းက ၃ည နေလိုက်ရတယ်။အဲဒီမှာ ရှိတယ်လို့ သတင်းရလို့ စစ် တပ်ထဲက အကောင်ကြီးကြီးဝိတ်နဲ့ သွားလို့ ပြန်လွတ်တာ။အဲဒါတောင် လက်ဖက်ရည်ဖိုး ဆိုပြီး ၁၀ သိန်းတောင်းတာ ၅သိန်းနဲ့ ပြန်လွတ်လာတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်နှင့် ကြံ့ဖွံ့ထိပ်သီးတို့ လမ်းကြောင်းမှမဟုတ်ဘဲ ကိုယ့်ဘာသာ သွားရွေးမည်ဆိုပါက တစ်ဦး လျှင် သိန်း၁၀၀ကျော်ပေးမှ ပြန်လွှတ်ပေးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
“ဒီကောင်တွေက ပိုက်ဆံသောက်သောက်လဲရနေတော့ ဖမ်းမိထားတဲ့သူတွေကို သူတို့အချုပ်ထဲမှာ ရှိ နေတုန်း ကောင်းကောင်းပြုစုတဲ့သဘောပဲ။ကျနော့်သူငယ်ချင်း ပြန်လွတ်လာတော့ အဲမှာ ညစ်ညစ်နဲ့ အသီးတွေချထားတာ ရူးကြောင်မူးကြောင် ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးထားသူများကို ၂၁ရပ်ကွက်အချုပ်ထဲတွင် တစ်ပတ်ကျော်သာ ထားကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#MPA
#HlaingInfo

36
4
2
1September 2, 2026 1.8K 7