နေပြည်တော် PDF အမှတ် (၈၀၈) တပ်ရင်း က ရဲဘော်သစ်ခေါ်ယူ
စက်တင်ဘာလ ၂ ရက်
နေပြည်တော်တိုင်းစစ်ဌာန ၊ နေပြည်တော် PDF အမှတ် (၈၀၈) တပ်ရင်း က အင်အားပိုမို တောင့်တင်းစေဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေပိုမိုဖြစ်ထွန်းစေဖို့ ရဲဘော်သစ်တွေကိုလက်ခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်တပ်ရင်း (၈၀၈) က တော်လှန်ရေးအလုပ်တွေကို အရှိန်မြှင့် တင်ဆောင်ရွက်သွားဖို့နဲ့ တာဝန်တွေကိုပိုမိုဆောင်ရွက်နိုင်ဖို့ လူသစ်အင်အားတိုးချဲ့တာနဲ့စွမ်းရည်မြှင့်တင်တာတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။
လက်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းတာ ၊ အကြမ်းဖက်ပြီး ပစ အဖြစ် သွတ်သွင်းတာတွေကို ကြားသိနေပြီး မချိတင်ကဲခံစားရတာကြောင့် တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်ဖို့အတွက် ရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
ဝင်ရောက်လိုသူတွေကတော့ စည်းကမ်းချက်တွေနဲ့အညီ ပူးပေါင်းတော်လှန်လိုသူ၊ စိတ်ဓာတ်ခိုင်မာ သူတွေကို အထူးဦးစားပေးခေါ် ယူပေးမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်သူ ၊ အခြေခံစစ်ပညာသင်တန်း တက်ရောက် နိုင်သူဖြစ်ပြီး အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်း ရှိသူဖြစ်ရပါမယ်။
ပင်ပန်းဆင်းရဲမှုဒဏ်ခံနိုင်ရမှာဖြစ်ပြီး လိုအပ်ပါက မိသားစု ၊ ဆွေးမျိုး ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် ဖြတ်နိုင်ရမယ်လို့လည်း အသိပေးထားပါတယ်။
အခြေခံစစ်ပညာသင်တန်းပြီးစီးပြီးနောက် အနည်းဆုံး ၃ နှစ် စစ်မှုထမ်းနိုင်သူ ဖြစ်ရမယ် ဆိုတာနဲ့ တပ်ရင်းမှ အခါအားလျော်စွာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေများကို လေးစားလိုက်နာ နိုင်သူဖြစ်ရမယ်လို့ ဆိုပါတယ္။ အထက်မှ ပေးအပ်သော တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်သူဖြစ်ရမှာ ဆိုတာနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ ၊ လောင်းကစားပြုလုပ်သူ လုံးဝမဖြစ်ရဘူးလို့ အသိပေးထားပါတယ်။
ပုဂ္ဂိုလ်စွဲ ၊ ဒေသစွဲမထားဘဲ တိုင်းပြည် နဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး တော်လှန်ရေးအောင်မြင်ပြီး မြောက်ရန်အတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုသူ ဖြစ်ရမယ် ဆိုတာနဲ့ ပြစ်မှု စည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်မိပါက တပ်ရင်းမှ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ကျေနပ်စွာခံယူနိုင်သူဖြစ်ရမယ်လို့ စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။
#PVTV
#HlaingInfo

49
1
1
1September 2, 2026 1.7K 1 4