စစ်မှုထမ်းဆင့်ခေါ်ရာတွင် တိမ်းရှောင်သူ အရေအတွက် အလွန်များပြားလာသဖြင့်… — Hlaing Info — TG.ME

စစ်မှုထမ်းဆင့်ခေါ်ရာတွင် တိမ်းရှောင်သူ အရေအတွက် အလွန်များပြားလာသဖြင့် အချိန်မီ တပ် သားသစ်စုဆောင်းမှု ပြည့်မီရေး အဆင့်ဆင့် အထူးကြပ်မတ်ဆောင်ရွက်ရန် နေပြည်တော်စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်

စက်တင်ဘာလ ၂ ရက်

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်စစ်တပ်က လူငယ်များကို စစ်မှုထမ်းများအဖြစ် လစဉ် ဆင့် ခေါ်လျက်ရှိရာတွင် တိမ်းရှောင်သူအရေအတွက် အလွန်များပြားလာသဖြင့် အချိန်မီ တပ်သားသစ်များ စုဆောင်းမှု ရရှိနိုင်ရေး ပြည်နယ်/တိုင်း၊ ခရိုင်နှင့်မြို့နယ်များအလိုက် အဆင့်ဆင့် အထူးကြပ်မတ် ဆောင် ရွက်ရန် နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်တစ်ရပ်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လနှောင်းထုတ်ပြန်သော စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ် ချုပ် ကြီးထွန်းအောင် ထုတ်ပြန်လိုက်သော အမိန့်ညွှန်ကြားချက်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် မဲနှိုက်ပြီး စစ်မှုထမ်းအကျုံးဝင်သူများကို ဆင့်ခေါ်ရာတွင် တိမ်းရှောင်သူများ များပြားလာကြောင်း၊ လစဉ် ဆင့်ခေါ်သော စစ်မှုထမ်းအရေအတွက် မပြည့်မီများ ကြုံတွေ့ရသည့်အပြင် အချိန်မီ သင်တန်းကျောင်းသို့ အင်အားပြည့်မီစွာ မရောက်ရှိကြောင်း၊ ထို့ကြောင့် စစ်မှုထမ်းအပတ်စဉ် ၂၆ မှစတင်၍ လူအင်အား မပြည့်မီမှုနှင့် စစ်မှုထမ်းများ အချိန် မီ မရောက်ရှိမှုကို ဖြေရှင်းရန်အတွက် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများအလိုက် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ညွှန်ကြားထားသည်။

"စစ်မှုထမ်းစုဆောင်းမှု မပြည့်မီတဲ့အတွက် သင်တန်းဖွင့်ရက် နောက်ကျတဲ့အပြင် အင်အားပြည့်မီခြင်း မရှိဘဲ သင်တန်းဖွင့်လှစ်ရမှုတွေအတွက် သက်ဆိုင်ရာအဆင့်အလိုက် အထူးကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားချက်ထုတ်တယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ညွှန်ကြားချက်တွင် စစ်မှုထမ်းအင်အား ပြည့်မီစေရေး မည်သို့ လုပ်ဆောင်ရန် မပါဝင်ဘဲ အင်အားပြည့်မီရေးအတွက် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်သာ ပါဝင်သဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုများပြားလာမည့် အခြေအနေဟု သုံးသပ်ရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

"အင်အားပြည့်မီရေးအတွက် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားတာ။ ဘယ်လိုလုပ်ဆိုတာ မပါဝင်တဲ့အတွက် လမ်းပေါ်၊ အိမ်ပေါ်၊ ကားပေါ် သွားရင်းလာရင်း အဆွဲခံရတာတွေ ပိုများလာမယ့်သဘောလို့ ပြောလို့ရတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် နောင်ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂ ခုစာအတွက် လူစာရင်းများကိုလည်း နောက်ဆက်တွဲပါ စာရင်းများဖြင့် ကြိုတင်ပေးပို့ပြင်ဆင်ထားရန်လည်း နေပြည်တော်စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့၏ ညွှန်ကြားစာတွင် ဆက်လက်ညွှန်ကြားထားကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬34❤3👎2🔥2😁1
September 2, 2026 1.5K 1 6