တောင်ဒဂုံစက်မှုဇုန်တွင် သေနတ်ခါးကြားထိုးထားသည့် အရပ်ဝတ်များက… — Hlaing Info — TG.ME

တောင်ဒဂုံစက်မှုဇုန်တွင် သေနတ်ခါးကြားထိုးထားသည့် အရပ်ဝတ်များက ပြည်သူ၈ဦးကို ပေါ်တာ ဆွဲသွား

ဩဂုတ်လ ၂၉ ရက်

တောင်ဒဂုံ စက်မှုဇုန်၂တွင် သေနတ်ခါးကြားထိုးထားသော အရပ်ဝတ်များက ပြည်သူ၈ဦးကို ပေါ်တာ ဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊စက်မှုဇုန်၂ဘက်၊ ပြည်ထောင်စုလမ်းပေါ်ရှိ စက်မှုဇုန်ထိပ်မှတ်တိုင် (Moon Son ဆီဆိုင်နား)အနီးနှင့် စက်မှုဇုန်ဈေးမှတ်တိုင်အနီးတစ်ဝိုက်တို့၌ ပစ္စတိုသေနတ် ခါးထိုး ထိုးထားသည့် အရပ်ဝတ်များက အရပ်ကား၃စီးဖြင့် ဩဂုတ်၂၇ရက်၊ နံနက်၅နာရီခွဲခန့်တွင် လှည့်ပတ် စောင့်ကြည့်ကာ စက်ရုံအလုပ်သမားများနှင့် စက်မှုဇုန်ဈေးထဲ ဈေးလာဖွင့်သူများအား ကားပေါ် ဆွဲတင်သွားကြောင်းနှင့် ဖမ်းဆီးခံရသူတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ရန်ကုန်ကို စောင့်ကြည့်နေသည့် Rangoon Scout Network- RSN က သတင်း ထုတ်ပြန်သည်။

ယနေ့(ဩဂုတ်၂၉ရက်)နှင့် ဩဂုတ်၂၈ရက်တို့တွင် ယင်းနေရာဝန်းကျင်၌ ထပ်မံပေါ်တာဆွဲသည်ဟု မကြားရကြောင်း RSN တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောလတ်လတ်ဆွဲပြီး ဟော့သွားတဲ့နေရာတွေက လူတွေ သတိထားသွားကြတော့ သတိပေါ့ မယ့်နေရာတွေ လိုက်ချောင်းမယ်လို့ ထင်တယ်ဗျ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လများက မင်းအောင်လှိုင် ရန်ကုန် ရောက်နေချိန်၌ စစ်မှုထမ်းသင်တန်းစတင်ခါနီးပြီဖြစ် သော်လည်း ပေါ်တာဆွဲခြင်းများ လျော့သွားလေ့ရှိကာ မင်းအောင်လှိုင်မရှိတော့မှ ဝရုန်းသုန်းကား ဖြင့် ပေါ်တာထပ်ဆွဲကြောင်း သိရသည်။

“ဒီရက်ပိုင်းထဲ မအလ ရန်ကုန်လာဖို့ ရှိတယ်လို့ ကြားပါတယ်။ မနက်ကတော့ ညောင်တုန်းမှာ ရေကြီးတာ လိုက်ကြည့်သွားတယ်။ အဲ့ဒါပြီးရင် ရန်ကုန်ဆက်ဝင်လာမယ် ထင်တယ်ဗျ”ဟု RSN တာဝန်ရှိသူက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ပေါ်တာအဆွဲကြမ်းနေပြီး ဩဂုတ်၂၈ရက်၊ည၇နာရီခွဲ ခန့်က သ င်္ဃန်းကျွန်းမြို့နယ်၊ ဘီအိုစီမှတ်တိုင်အနီး၊ လေးထောင့်ကန်လမ်းပေါ် ယောကျ်ားလေး ၁ ဦး လမ်း လျှောက်သွားနေစဉ် Mark II အဖြူရောင် ကားဖြင့် အရပ်ဝတ် ၂ ဦး ရုတ်တရက်ရောက်လာကာ ဖမ်း ဆီးသွားကြောင်းနှင့် ယင်းနေ့ ည၇နာရီခွဲမှာပင် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းမပေါ်၊ ဝါးနက်ကုန်းကျေးရွာအနီး အမျိုးသား ၂ ဦး လမ်းလျှောက်သွားနေစဉ် စစ်ကား ၁ စီး ရောက်လာကာ ဖမ်းဆီးသွားကြောင်း RSN က ထုတ်ပြန်ထားသည်။

စစ်မှုထမ်းသင်တန်းများကို လတစ်လ၏ တတိယပတ်နှင့် စတုတ္ထပတ် အစတို့တွင် ဖွင့်လှစ်လေ့ရှိ သော်လည်း အပတ်စဉ် ၂၇ကို ဩဂုတ်၃ရက်မှသာ ဖွင့်လှစ်နိုင်ခဲ့ပြီး အပတ်စဉ်၂၈ကိုလည်း ယနေ့ အထိ မဖွင့်သေးပေ။

#MPA
#HlaingInfo
🤬62❤9👍3👎2👏2😢1
August 29, 2026 3K 2 10