မင်းအောင်လှိုင် စစ်တပ်ဟာ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး တိုင်းပြည်ကို ဘာတစ်ခုမှ ပိုကောင်းလာအောင် မလုပ် နိုင်ခဲ့ ရုံသာမက အဘက်ဘက်မှာ အောက်ကျ နောက်ကျ ဖြစ်စေခဲ့တာ ကိုသာ ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဒါတောင် အမေစု အစိုးရ လက်ထက်မှာ အခြေခံကောင်းတွေ အများကြီး ရှိခဲ့ပြီး ပြည်သူတွေ ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးက အစ ကဏ္ဍ တော်တော်များများ လိုလေသေး မရှိအောင် လုပ်ထားပေးခဲ့ ပြီးသား။
ဒီလို အုတ်မြစ်ကောင်း အပေါ်မှာ အခြေခံပြီး လုပ်ရတာတောင် အသုံးကျအောင် မလုပ်နိုင်တဲ့ မင်းအောင်လှိုင်က နောက်ထပ် နှစ်တွေမှာရော ဘာတွေ လုပ်နိုင်ကြမယ်လို့ ထင်ကြသလဲ။ အခုဆို ပိုတောင် ဆိုးသွားပြီး။ ငါးနှစ် အတွင်း သူဖျက်ဆီးခဲ့လို့ တိုင်းပြည်မှာ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေ အနာဂတ် ပျောက်ဆုံးမှုတွေနဲ့ စစ်ဘေးဒဏ် အပြည့် ဖြစ်နေတဲ့အပေါ်မှာ အခြေခံပြီး ဘာများ လုပ်နိုင် ဦးမှာလဲ။
မင်းအောင်လှိုင် မလုပ်နိုင်လို့ ဆိုပြီး သူ့နေရာမှာ ခင်ရီပဲ လာလာ၊ ရဲဝင်းဦးပဲ တက်တက်၊ နောက်ဆုံး သိန်းစိန် ကြီးကိုပဲ ပြန်ခေါ် ပါစေဦး၊ ဘာတစ်ခုမှ ပိုကောင်းလာ စရာ မရှိပါ။ ဘာကြောင့်ဆို အခုအချိန်က ၂၀၁၀ တုန်းကလို သူတို့ လုပ်ချင်ရာ လုပ်ပြီး ဘောင်းဘီချွတ်လိုက်ရုံနဲ့ ပြီးသွားမှာမှ မဟုတ်တာ။ သူတို့ စစ်တပ်နဲ့ အင်အားချင်း မကွာတဲ့ PDF တပ်တွေ ရှိနေသလို EROs တွေကလည်း စစ်ဌာနချုပ်တွေပါ ဖြိုချပြ ထားတာ။ သူတို့ ကျူးလွန်ခဲ့တဲ့ မတရားမှုတွေ အတွက် တရားမျှတမှု မပေးနိုင်မချင်း တိုင်းပြည်က ပုံမှန် ပြန်မဖြစ်နိုင်ဘူး။
ပြည်တွင်းတောင် ပုံမှန် မဖြစ်တာ ပြည်ပ ဆိုရင်တော့ ပိုဝေးပေါ့။ အိမ်နီးချင်း အကျိုးစီးပွါး ရှိနေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်း၊ လက်နက် ဝယ်ဖို့ ဒေါ်လာတွေ သွားသွား ပေးနေလို့ မဖြစ်ညစ်ကျယ် ပေါင်းနေတဲ့ ရုရှား၊ ဘီလာရုစ်တို့လို တချို့က လွဲရင် တခြားနိုင်ငံတွေက လူသတ်သမား၊ ကလေး သတ်သမား၊ အကြမ်းဖက်သမား၊ မုဒိန်းတပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို အရောတဝင် ဆက်ဆံရမှာ ရွံစရာကောင်းတယ်လို့ တွေးနေကြတာမို့လို့ ဒီတသက် လူရာဝင်ဖို့ မလွယ်ပါဘူး။
မနက်က သတင်းတစ်ပုဒ်မှာ တရုတ်က BCIM ကနေ အိန္ဒိယကို ဖြုတ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက် ဆက်မယ်ဆိုတာ တွေ့တယ်။ ဒါကြောင့်ရခိုင်ဟာ တရုတ်အတွက် ပိုအရေးပါ လာပြီး ရခိုင် တပြည်လုံး သိမ်းထားတဲ့ AA နဲ့ ဆက်ဆံရေး တိုးမြှင့်လာတာ တွေ့ရတယ်။ ဒါဟာ ဘာကို ပြနေသလဲ ဆိိုတော့ အကျိုးစီးပွါးကိုပဲ အခြေခံတဲ့ တရုတ်ဟာ မင်းအောင်လှိုင်က သူ့အကျိုးစီးပွါးကို လုံလောက်အောင် ကာကွယ် မပေးနိုင်ရင် အချိန်မရွေး စွန့်ပစ်နိုင်တယ် ဆိုတာပါပဲ။
အချုပ် ပြောရရင်တော့ မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို ပိုကောင်းအောင် မပြောနဲ့ ၂၀၂၀ ကိုဗစ် ကာလ မတိုင်ခင်က အခြေအနေ မျိုးတောင် ပြန်ရောက်အောင် လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လုပ်နိုင်တာက သူ့မိသားစုနဲ့ လက်တဆုပ်စာ သူတို့ အသိုင်းအဝိုင်း ကြီးပွါးချမ်းသာဖို့ တိုင်းပြည်ကနေ ရသမျှ ဂုတ်သွေးစုပ် အမြတ်ထုတ်ပြီး ပြည်သူတွေကတော့ မွဲသည်ထက်မွဲ၊ စုတ်ပြတ်သည်ထက် ပိုပိုပြီး စုတ်ပြတ် သွားဖို့သာ ရှိပါတယ်။ ဒီအုပ်စု ပြုတ်ကျရေးသည်သာ ပြည်သူတွေ အတွက် တစ်ခုတည်းသော လွတ်မြောက်လမ်းပါ။
420
46
3
2
2
1
1August 3, 2026 16K 11 6