စစ်တပ်ဟာ အာဏာလုပြီး လအနည်းငယ်အတွင်း ပြည်သူ့ခုခံမှုကို ချေမှုန်းနိုင်မယ်ဆိုတဲ့ မူလတွက်ချက်မှု မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် ငါးနှစ် ကြာလာတဲ့ အချိန်မှာ သူတို့ရဲ့ နယ်မြေ အများအပြား ဆုံးရှုံး ထားတဲ့အပြင် စစ်တိုက်ဖို့ စစ်သား မရှိတော့လို့ ပြည်သူတွေကို အတင်းအကြပ် စစ်ထဲ ဆွဲခေါ် တာ၊ စစ်စားရိတ် မရှိတော့လို့ ပြည်သူတွေ ဆီက နိုင်ငံခြားငွေကို အသည်းအသန် ဓားပြတိုက် တောင်းတာ၊ ပြည်ပက ပစ္စည်း တင်သွင်းခွင့် ပိတ်တာတွေ လုပ်နေရပါတယ်။
ဒါကြောင့် အခုချိန်မှာ “ငါတို့ နိုင်တော့မယ်”တို့၊ “နိုင်မှာ သေချာတယ်” တို့ ဆိုတာမျိုးထက် “အနိုင်ရနိုင်တဲ့ အခြေအနေကို ဆက်ပြီး တည်ဆောက် နိုင်တယ်” လို့ ပြောရမှာပါ။ “ဘာတွေ ပြင်ရမလဲ။ ဘာတွေ ပေါင်းစည်းရမလဲ။ ဘာတွေ တည်ဆောက် ရမလဲ” ဆိုတာတွေ ပြောကြရမှာပါ။ အချိန် ကြာလာတာက မျှော်လင့်ချက်ကို စွန့်လွှတ်ရမယ့် အကြောင်းပြချက် မဟုတ်သလို၊ မျက်စိစုံမှိတ်ပြီး အောင်ပွဲကို ထိုင်စောင့်နေလို့လည်း မရပါဘူး။
ဒီတော်လှန်ရေးရဲ့ နောက်ဆုံးစာမျက်နှာကို မရေးရသေးပါဘူး။ ဘယ်လိုရေးကြမလဲ ဆိုတာကတော့ ကိုယ့်ကိုယ်သာ ပြန်မေးကြည့်ကြပါ။
128
22
1
1September 1, 2026 2.1K 2