ဒီတစ်ပတ်ထဲမှာ မြစ်ခြေ ရဲစခန်းကို တော်လှန်ရေး တပ်တွေ တစ်နာရီအတွင်း… — Zin Thaw Naing — TG.ME

ဒီတစ်ပတ်ထဲမှာ မြစ်ခြေ ရဲစခန်းကို တော်လှန်ရေး တပ်တွေ တစ်နာရီအတွင်း ဝင်ရောက်စီးနင်း သိမ်းပိုက် ခဲ့တာ တွေ့ရတယ်။ စခ ၂ ကောင်သေပြီး ၁၄ ကောင်ကို လနခဲယမ်းတွေနဲ့ အရှင် ရလိုက်တယ်။ ပြီးခဲ့တဲ့လကမှ အိမ်ခြေ ၁၀၀၀ ကျော်ကို မီးရှို့ပြီး လူ ၂၀ ကျော်ကို သတ်သွားတာကို လက်တုံ့ပြန်တဲ့ သဘောပဲ။ ပြည်သူ့ အိုးအိမ်တွေ၊ ရွာတွေကို မီးရှို့ပြီး အကြောက်တရား သွင်းနေပေမယ့် တကယ်တမ်း သူတို့ စခန်းတောင် လုံခြုံမှု မရှိတော့ဘူးဆိုတာ ပြနေပါတယ်။

ရှမ်းမြောက်မှာ အပစ်ထားတဲ့ စစ်တပ်က အင်အားတွေစုပြီး ချင်းနဲ့ ရခိုင်ကို ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မကွေးတိုင်းက ကပစ တွေနဲ့ ထောက်ပို့လမ်းကြောင်းတွေကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်နေလို့ သူတို့ရဲ့ ရိက္ခာနဲ့ လက်နက်ပို့တဲ့ လမ်းကြောင်းတွေ တန့်ကုန်တယ်။ ပေါက်၊ မြိုင် နဲ့ ဆိပ်ဖြူ ဘက်က စစ်တပ်ရဲ့ အမာခံစခန်းတွေကိုပါ PDF တွေက လိုက်သိမ်းနေတဲ့အပြင် မင်းဘူးဘက်မှာ ထောက်ပို့ကားကိုပါ ဖျက်ဆီးပစ် ခဲ့ပါတယ်။

ရွှေကူမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး KIA ဘက်က ပြည်သူတွေကို ရှောင်ကြဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က မြို့ကို ပိတ်ဆို့ပြီး ပြည်သူတွေကို ထွက်ခွင့်မပေးဘဲ တားထားလို့ လက်နက်ကြီးတွေ ကျပြီး ပြည်သူတွေ ထိခိုက်မှု ရှိနေ ပါတယ်။ ပြည်သူကို ဓားစာခံလုပ်၊ လေကြောင်းနဲ့ လက်နက်ကြီး ရမ်းပစ်တာကလွဲပြီး တခြားဗျူဟာ မရှိတဲ့ စကစတပ်က ကချင် စစ်မျက်နှာစာမှာ အသက်ရှူ ကျပ်နေပါတယ်။

AA ရဲ့ ထိုးစစ်ကတော့ စစ်တွေမြို့အနီးက ဒကစနဲ့ အနီးဆုံး ရွာတွေအထိ ရောက်လာပါပြီ။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်တွေကနေ စစ်တွေကို ညှပ်တိုက်နေတာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းပစ်နေရသလို မြို့ထဲမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြီး ဘန်ကာတွေ ဆောက်နေ ပါတယ်။ AA က အလောတကြီး မသိမ်းသေးဘဲ စစ်ကောင်စီကို စိတ်ဓာတ်ရေးရာရော၊ စစ်ရေးအရပါ တဖြည်းဖြည်း ချောင်ပိတ်ရိုက်နေတာပါ။

ဧရာဝတီတိုင်း သာပေါင်းနဲ့ ရေကြည်မြို့နယ်အစပ်က ကြောင်လျှာတော စခန်းကိုလည်း AA နဲ့ မဟာမိတ်တွေက သိမ်းပိုက် လိုက်ပါတယ်။ တပ်ချုပ်သစ် ယဥရဲ့ တပ်ဟာ ဧရာဝတီ စစ်မြေပြင်မှာ အထိနာပြီး တဆုတ်တည်း ဆုတ်ပြေး နေရပါတယ်။ ရခိုင်စစ်မျက်နှာစာကနေ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်အထိ ကူးစက်လာတဲ့ စစ်မီးကို ခုခံကာကွယ်ဖို့ ရေကြည် မြို့နယ်ထဲမှာ လက်နက်ကြီး စခန်းတွေ ပြန်ချနေတာလည်း သတင်း ကြားရပါတယ်။

မကွေးတိုင်းမှာ ပစ အပတ်စဉ် (၁) နဲ့ (၂) က နှစ်ပြည့်လို့ ပြန်လာသူတွေကို ကြိုဆိုပွဲ လုပ်ခဲ့တာမှာ လူ ၈၀၀ ကျော် သွားတဲ့အနက် ၃၁၆ ယောက်ပဲ ပြန်လာနိုင်တာ တွေ့ရတယ်။ တစ်ဝက်ကျော်က ရှေ့တန်းမှာ သေနတ်စာ၊ ဗုံးစာ ဖြစ်သွားပါတယ်။ ဒါကို ကြည့်ရင် အတင်းအဓမ္မ ရှေ့တန်းကို ပို့ခံရတဲ့ လူငယ်တွေရဲ့ အသက်တွေဟာ စစ်ကောင်စီ အတွက်တော့ ကိန်းဂဏန်းတွေ သက်သက်သာ ဖြစ်နေတာ မြင်နိုင်ပါတယ်။ နောက်ထပ် စစ်မှုထမ်းဖို့ ခေါ်ယူခံရမယ့် လူငယ်တွေ အတွက်လည်း သတိပေး ခေါင်းလောင်းသံပါပဲ။

ပြောရရင် အခုအချိန်ဟာ စစ်ပွဲရဲ့ Late Game ကို ရောက်နေပြီလို့ ဆိုရမယ်။ စစ်ကောင်စီရဲ့ အဓိက ဗျူဟာက ပြည်သူတွေ တော်လှန်ရေးကို ငြီးငွေ့လာအောင်၊ သူတို့ရဲ့ သွေးထိုး လှုံ့ဆော် ဝါဒဖြန့်တာတွေ အလုပ်ဖြစ်တဲ့ ကာလ ရောက်လာအောင် အချိန်ကို ရနိုင်သလောက် ဆွဲဆန့်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင် အခြေအနေက သူတို့ ဝါဒဖြန့်သလို ဖြစ်မနေပါဘူး။ ထိုင်ခုံကို သေတဲ့အထိ ဖက်တွယ်ထားမယ့် မအိမ်လုံးက ပွဲသိမ်းခရာသံ မမြည်ခင် ဘယ်လောက် အထိ ညစ်တွန်း တွန်းဦးမလဲ ဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။
❤276👍111🤣5💯3🥰2🥱1
June 12, 2026 15.8K 9