Job Announcement: Manager (Executive Office) Executive Office ၏… — Visukara Job opportunities — TG.ME

Job Announcement: Manager (Executive Office)
Executive Office ၏ လုပ်ငန်းဆောင်တာများ ချောမွေ့စေရန်နှင့် CEO ၏ ညွှန်ကြားချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် စီမံခန့်ခွဲမှုပိုင်း ကျွမ်းကျင်သော Manager တစ်ဦး အမြန်အလိုရှိသည်။

Key Responsibilities (အဓိကတာဝန်ဝတ္တရားများ)
Executive Management: CEO ထံ တင်ပြရမည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများကို စိစစ်ခြင်းနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း။

Compliance & Policy: ကုမ္ပဏီ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာ ဥပဒေများကို လိုက်နာမှု ရှိမရှိ ကြီးကြပ်ကွပ်ကဲခြင်း။

Stakeholder Relations: အစိုးရဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်း။

Operational Oversight: ကုမ္ပဏီ၏ လုံခြုံရေး၊ ပိုင်ဆိုင်မှုများနှင့် လျှို့ဝှက်ချက်များအား အကာအကွယ်ပေးခြင်းကို ကြီးကြပ်ခြင်း။

Meeting & Decision Tracking: CEO ဦးဆောင်သော အစည်းအဝေးများ စီစဉ်ခြင်း၊ ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ပြီး ဌာနများမှ အကောင်အထည်ဖော်မှုကို ပြန်လည်စစ်ဆေးခြင်း။

Administration: Executive Office ၏ ရုံးလုပ်ငန်းဆိုင်ရာများနှင့် ကုမ္ပဏီ၏ အခမ်းအနားများကို စီမံခန့်ခွဲခြင်း။

Qualifications & Requirements (လိုအပ်သော အရည်အချင်းများ)
စီမံခန့်ခွဲမှု၊ ဥပဒေ (သို့မဟုတ်) သက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူဖြစ်ရမည်။

Executive Administration သို့မဟုတ် အဆင့်မြင့်စီမံခန့်ခွဲမှုပိုင်းတွင် လုပ်သက် (၅) နှစ်မှ (၁၀) နှစ် အထက် ရှိရမည်။

CEO သို့မဟုတ် MD အဆင့်ရှိသူများကို တိုက်ရိုက် Support ပေးဖူးသော အတွေ့အကြုံရှိသူ ဖြစ်ရမည်။

အစိုးရဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ဖူးသူကို ဦးစားပေးမည်။

အင်္ဂလိပ်စာနှင့် မြန်မာစာ (ရေးသား/ပြောဆို) ကျွမ်းကျင်ပြီး ရုံးစာနှင့် အစီရင်ခံစာများကို စနစ်တကျ ရေးသားနိုင်ရမည်။

Microsoft Office ပိုင်း ကျွမ်းကျင်ရမည်။

လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်သူ၊ ဖိအားဒဏ်ခံနိုင်သူနှင့် စည်းကမ်းစနစ်ကျနသူ ဖြစ်ရမည်။

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV ကို
[email protected]
viber-Ph-09777013256/66 (viber)
Salary. -1,200,000~ 1,800,000
Working Day - Mon to Fri (8:00-5:00)
Off Day - Sat, Sun (Public Holiday)
Location - No.16, Parami Valley, Hlaing Tsp.
သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
April 28, 2026 72