မလေးရှားရောက် မြန်မာ ၁၅၀၀ ယခုလကုန် ပြန်ခေါ်မည်
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆
မြန်မာနိုင်ငံအနှံ့အပြား စစ်မှုထမ်းရန် ပေါ်တာဆွဲမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေး စခန်းများရှိ မြန်မာများကို ပြန်လည် လွှဲပြောင်းမှု မပြုလုပ်ရန် နိုင်ငံတကာလူအခွင့်အရေးအဖွဲ့များ တောင်းဆိုနေသည့်ကြားမှ ရိုဟင်ဂျာများအပါအဝင် မြန်မာ ၁၅၀၀ ခန့်အား ယခုလကုန်ပိုင်း ပြန်လည်ခေါ်ယူသွားမည်ဟု အာဏာသိမ်းအစိုးရက ယနေ့ ထုတ်ပြန်သည်။
မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသူများအနက် ၁၄၇၆ ဦးအား ဩဂုတ်လအတွင်း မြန်မာစစ်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ရန် မလေးရှားအစိုးရနှင့် ညှိနှိုင်းရာ အဆင်မပြေသဖြင့် စက်တင်ဘာ ၂၈ နှင့် ၂၉ ရက်တွင် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မိန့်ခွန်း၌ အစိုးရနှစ်ရပ်ကြား "ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေး" ကို အကြောင်းပြလျက် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းခံ မြန်မာ ၅,၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် သဘောတူခဲ့ကြောင်း ပြောသည်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်း Fortify Rights ၏ အကြီးတန်း လူ့အခွင့်အရေး ကျွမ်းကျင်သူ ယက် လေး ရှန်း (Yap Lay Sheng)က မလေးရှားအနေဖြင့် ဖိနှိပ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ပြင်းထန်သော အန္တရာယ်များနှင့် ရင်ဆိုင်ရမည့် နိုင်ငံတခုသို့ မည်သူ့ကိုမျှ အတင်းအဓမ္မ ပြန်မပို့သင့်ကြောင်း ပြောကြားထားသည်။
ပုံစာ- ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်ရေယာဉ်ဖြင့် မလေးရှားမှ မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ဆောင်လာစဉ်
#WhatsHappeningInMyanmar
#RejectMilitaryCoup
21
18
6
4
2September 3, 2026 3.9K 5