ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းခန့်သည် အဓိက တော်လှန်ရေး ခေါင်းဆောင်မှု… — The Irrawaddy - Burmese — TG.ME

ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းခန့်သည် အဓိက တော်လှန်ရေး ခေါင်းဆောင်မှု အဖွဲ့အစည်းများအပေါ် ယုံကြည်မှု မြင့်မား သို့မဟုတ် အလွန်မြင့်မားကြောင်း ဖော်ပြကြပြီး၊ ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) က ဒွိဟဖြစ်ဖွယ် သို့မဟုတ် မရေရာသော ယုံကြည်မှုကို ဖော်ပြကြကာ ၁၂ ရာခိုင်နှုန်းကသာ ယုံကြည်မှု နည်းပါး သို့မဟုတ် လုံးဝ မရှိဟု ဆိုကြသည်။ အခြားတဖက်တွင်မူ ခေါင်းဆောင်မှု၏ တရားဝင်မှု လုံးဝပြိုလဲသွားခြင်း မရှိသလို အကန့်အသတ်မရှိ ယုံကြည်နေခြင်းလည်း မဟုတ်ပေ။

ဖြေဆိုသူများသည် တဖက်တွင် တော်လှန်ရေး ခေါင်းဆောင်မှု အဖွဲ့အစည်းများ၏ တရားဝင်မှုနှင့် ရည်ရွယ်ချက်ကို လည်းကောင်း၊ အခြားတဖက်တွင် ၎င်းတို့၏ လက်တွေ့ စွမ်းဆောင်ရည်ကို လည်းကောင်း ခွဲခြားရှုမြင်ကြပုံရသည်။ ၎င်းတို့သည် အဖွဲ့အစည်းများကို အခြေခံအားဖြင့် လက်ခံကြသော်လည်း ရလဒ်ထွက်ပေါ်အောင် မည်မျှ ထိရောက်စွာ လုပ်ဆောင်နိုင်သနည်းဆိုသည့် အချက်အပေါ် ဝေဖန်ကြသည်။

တော်လှန်ရေး ခေါင်းဆောင်မှု ဖွဲ့စည်းမှုကို အခြေခံအားဖြင့် ငြင်းပယ်ခဲ့ကြပါက ယုံကြည်မှု လုံးဝမရှိသည့် ပမာဏ ပိုမိုမြင့်မားလာပြီး လက်ရှိ အဖွဲ့အစည်းများကို ဖျက်သိမ်းရန် ပိုမိုပြင်းထန်စွာ တောင်းဆိုကြလိမ့်မည် ဖြစ်သည်။

Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/05/416071.html
ဧရာဝတီ
ခေါင်းဆောင်မှုကို တောင်းဆိုနေသော နွေဦးတော်လှန်ရေး အပိုင်း — ၃
ဖြေဆိုသူများသည် အဖွဲ့အစည်းများအကြား လုံလောက်သော ပေါင်းစည်းမှု မရှိခြင်း၊ တာဝန်ယူမှု မရေရာခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းတို့အတွက် ပူပန်နေကြသည်။
👍23
September 5, 2026 1.7K 1