The Irrawaddy - Burmese: post #66655 — TG.ME

၂၄ နာရီအတွင်း YouTube ပေါ်မှာ ကြည့်ရှုသူ သန်း ၇၀ ကျော်သွားတဲ့ Lisa ရဲ့ SaWaDiKa သီချင်း

မနေ့ကထွက်ရှိလာခဲ့တဲ့ Black Pink အဖွဲ့၀င် Lisa ရဲ့ တကိုယ်သီချင်းအသစ်ဖြစ်တဲ့ SaWaDiKa ဟာ ပထမဆုံး ၂၄ နာရီအတွင်း YouTube ပေါ်မှာ ကြည့်ရှုသူ ၇၀.၈ သန်းရရှိသွားခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးရက် ကြည့်ရှုမှုအများဆုံး Music Video ဖြစ်လာခဲ့ပါတယ်။

ထိုင်းလူမျိုးတွေရဲ့ နှုတ်ခွန်းဆက်စကားကိုအစွဲပြုပြီး အမည်ပေးထားတဲ့ ဒီ SaWaDiKa သီချင်းမှာ Lisa ဟာ သူရဲ့ အနုပညာစွမ်းရည်တွေကို အပြည့်အ၀ချပြသွားခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင် SaWaDiKa ဟာ တကိုယ်တော် အနုပညာရှင်တဦးအနေနဲ့ ပထမဆုံး ၂၄ နာရီအတွင်း ဒုတိယမြောက် ကြည့်ရှုမှုအများဆုံး ဂီတဗီဒီယိုဖြစ်လာခဲ့ပြီး ပထမနေရာကိုတော့ ၇၃.၆ သန်းနဲ့ စံချိန်တင်ထားတဲ့ Lisa ရဲ့ LALISA ဂီတဗီဒီယိုကပဲ သိမ်းပိုက်ထားတာပါ။
❤17👍10👎1