ရခိုင်ကို နှစ်လအတွင်း ၂၇ အကြိမ် ဗုံးကြဲ၊ ၂၀၀ ကျော် သေဆုံးဒဏ်ရာရ သတင်း… — The Irrawaddy - Burmese — TG.ME

ရခိုင်ကို နှစ်လအတွင်း ၂၇ အကြိမ် ဗုံးကြဲ၊ ၂၀၀ ကျော် သေဆုံးဒဏ်ရာရ

သတင်း | လင်းသစ်၊ စက်တင်ဘာ ၃၊ ၂၀၂၆

အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့ကို ဇူလိုင်နှင့် ဩဂုတ်လ ၂ လ အတွင်း ၂၇ကြိမ် ဗုံးကြဲရာ သေဆုံးဒဏ်ရာရသူဦးရေ ၂၀၀ ကျော် ရှိခဲ့သည်။

ထိုနှစ်လအတွင်း ဗုံးကြဲမှုကြောင့် ဇူလိုင်လ၌ သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၈၇ ဦး၊ ဩဂုတ်လတွင် သေဆုံးသူ ၃၈ ဦး၊ ဒဏ်ရာရသူ ၇၆ ဦး၊ ၂ လအတွင်း စုစုပေါင်း သေဆုံး သူ ၅၃ ဦး၊ ဒဏ်ရာရသူ ၁၆၃ ဦးရှိပြီး ၁ ရက်လျှင် ၄ ဦးခန့် ထိခိုက် သေဆုံးကြောင်း ဧရာဝတီ၏ အချက်အလက်စုဆောင်းမှုအရ သိရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/03/415983.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
ရခိုင်ကို နှစ်လအတွင်း ၂၇ အကြိမ် ဗုံးကြဲ၊ ၂၀၀ ကျော် သေဆုံးဒဏ်ရာရ
ထိုလုပ်ရပ်များများမှာ စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်းချိုးဖောက် ကျူးလွန်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ရပ် မဟုတ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။
👎28😭14❤4👍3😱1
September 3, 2026 3.2K 1