၆သိန်းကျော်စျေးနဲ့ ၄ နှစ်အထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung ဖုန်း
--
ပိုလန်း ၊ ပိုကြမ်းတဲ့ Galaxy A06 5G ကတော့ စျေးကွက်ထဲရောက်လာပါပြီ
ယခင် Galaxy A06 LTE ထက်ဘာတွေပိုကောင်းလဲ?
ဘာတွေပိုကောင်းလာလဲဆိုရင် အကုန်ပိုကောင်းလာပါတယ် သိသာတဲ့အချက်တွေဆိုရင် 5G စနစ်ရသွားမယ်
Dimensity 6300 SoC ကိုသုံးပေးလာမယ် 6nm SoC ဖြစ်သွားလို့ Performance ပိုင်း ပိုကောင်းတဲ့အပြင် ပါဝါစား ပိုသက်သာတယ် ၊ သုံးရတာ ပိုသွက်မယ်
ဒါတင်ပဲလားဆိုရင် ကျန်ပါသေးတယ် Display ပိုင်းမှာဆိုရင် ပို Smooth ဖြစ်မယ့် 90Hz Refresh Rate ပါဝင်လာတာအပြင်ကိုမှ IP54 Rating လို ရေစိုဒဏ် ၊ ဖုန်ဒဏ် ခံနိုင်တဲ့ အားသာချက်တွေက အစ Galaxy A06 5G မှာ ပါဝင်လာပါတယ်
ဒါတင်ပဲလား?
အသစ်ဝင်လာပါတယ်ဆိုမှတော့ အသစ်ပါလာတာတွေက ဒါနဲ့တင်မရပ်သေးပါဘူး Samsung ရဲ့ နောက်ဆုံးထွက် UI ဖြစ်တဲ့ OneUI 7 ကို ဖုန်းကိုဘူးထဲက စထုတ်တာနဲ့ သုံးလို့ရမယ်
ဒါ့အပြင်ကိုမှ စျေးအသက်သာဆုံး Galaxy A Series ဖုန်းတစ်လုံးဖြစ်ပေမယ့် OS Update ကို 4 ကြိမ်အထိ အာမခံထားတယ် Security Update ကတော့ 4 နှစ်ပါ
ပြောရမယ်ဆိုရင် OneUI 11 အထိ Update ရနေမယ့်သဘောပဲ ဒီအချက်က Galaxy A0 Model အတွက်ဆိုရင် အရမ်းမိုက်တဲ့ အားသာချက်ပဲ
AI စနစ်တွေဆိုရင်လည်း SoC ပိုကောင်းလာတော့ AI Best Face လိုစနစ်တွေကိုသုံးလို့ရသွားမယ်
Galaxy A06 5G အကြောင်း
ပြောရမယ်ဆိုရင် Galaxy A06 LTE နဲ့ Design ပိုင်းမှာ သိသိသာသာ ကွာခြားတာမျိုးမရှိပါဘူး
ဒါပေမယ့် Internal ပိုင်းမှာဆိုရင် ထူးခြားလာတဲ့ အချက်တွေက ပြောပြလို့မကုန်ပါပဲ
အပေါ်မှာ ပြောခဲ့သလိုပဲ Display, Performance, Durability ပိုင်းမှာ သိသာတဲ့တိုးတက်မှုတွေ ရှိလာတဲ့အတွက် “ပိုမိုက် ၊ ပိုတန် ၊ ပိုလန်း” လို့ Samsung က ဆိုထားလေရဲ့
Galaxy A06 5G က ဘာကြောင့် ရွေးချယ်ဖို့သင့်တော်တာလဲ?
ဖုန်းတစ်လုံးဝယ်ပြီးအချိန်ကကြာကြာ သုံးဖို့ စိတ်ကူးရှိရင် Future Proof တဲ့ Feature တွေပါတဲ့ဖုန်းကိုရွေးသင့်တယ်
Galaxy A06 5G မှာက 5G စနစ်ပါလို့ ကိုယ်က နောက်ပိုင်း 5G network ရတဲ့ နေရာသွားဖြစ်မယ်ဆိုရင်တောင်မှ ဖုန်းလဲစရာမလိုဘူးပေါ့
Galaxy A06 5G နဲ့ဆိုရင် Update အတွက် 4x OS Update လို့ပြောထားလို့ နောက်ထပ် 4 နှစ်အထိ Up-To-Date ဖြစ်ဖြစ် နဲ့ စိတ်ကြိုက်သုံးလို့ရတယ့်ဖုန်းပါပဲ
Battery ပိုင်းမှာဆိုရင် လည်း 5000 mAh Battery ကိုမှ 25W စနစ်နဲ့တွဲဖက်ပြီး သုံးပေးထားတယ်
ဘေးဘောင်မှာ Fingerprint Sensor ပါဝင်ပြီး ဖုန်းရဲ့ စနစ်တွေလုံခြုံစိတ်ချရစေဖို့ Samsung ရဲ့ နာမည်ကြီး Knox Vault ပါဝင်တယ်
ဖုန်းကသုံးရတာ အချိန်ကြာလာတဲ့အခါ သိမ်းဆည်းရမယ့် Data ပမာဏများလာရင်တောင်မှ Up to 1.5TB အထိ microSD Card ကိုထပ်တိုး လို့ရဦးမယ်
ဒါကြောင့် ဘယ်ရှုထောင့်က ကြည့်ကြည့် Galaxy A06 5G က အချိန်ကြာကြာ သုံးလို့သင့်တဲ့ဖုန်းလို့ ဆိုရမှာပါ
Galaxy A06 5G ကိုဝယ်ယူမယ်ဆိုရင် အကျိူးခံစားခွင့်တွေက?
Samsung Myanmar သွင်းတဲ့ Galaxy A06 5Gကို ဝယ်ယူမယ်ဆိုရင်တော့ (၁) နှစ်အတွင်းဖုန်းမှန်ကွဲလည်း အေးဆေးဖြစ်နေမယ့် အာမခံချက်ပါဝင်တဲ့ Samsung Care + (1 Year) ပါဝင်တယ်
အားသွင်းခေါင်းလဲ သပ်သပ်ထပ်ဝယ်နေစရာမလိုအောင် Travel Adapter ကိုလည်း လက်ဆောင်ရရှိဦးမယ်လို့ သိရတယ်
စျေးနှုန်းအနေနဲ့ကတော့ Galaxy A06 5G (4/64 GB) ကို ၆၀၉,၀၀၀ ကျပ်၊ Galaxy A06 5G (6/128 GB) ကို ၇၄၉,၀၀၀ နဲ့လက်ရှိမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်
ဆိုတော့ Galaxy A06 5G က ဈေးလည်းသင့်တင့်ပြီး ရေရှည်သုံးလို့အဆင်ပြေနိုင်တာမလို့ ရွေးချယ်ဖို့စဥ်းစားသင့်တဲ့ ဖုန်းတစ်လုံးလို့ ပြောရမှာပါ