Tech World MM: post #482 — TG.ME

အကောင်းဆုံး IP69 အတွေ့အကြုံတွေကိုထိတွေ့ခံစားနိုင်စေမယ့် Consumer Event ကြီးနဲ့အတူ realme ရဲ့ New C Series ဖြစ်တဲ့ C75 Series တွေကို မိတ်ဆက်ပေးသွားမည်
——————
“ရေစိုရေစိမ်ခံတဲ့အလန်းဆုံးဖုန်း” တွေဖြစ်တဲ့ realme ရဲ့ New C Series “C75 Series” ကတော့ အကောင်းဆုံး IP69 အတွေ့အကြုံတွေကိုထိတွေ့ခံစားနိုင်စေမယ့် Consumer Event ကြီးနဲ့အတူမိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ လာမယ့် မတ်လ ၂၂ ရက်နေ့ (စနေနေ့)မှာတော့ ရန်ကုန်မြို့ရှိ Junction Square (Outdoor Area) မှာ ကြီးကျယ်ခမ်းနားတဲ့ “The Best-Ever IP69 Experience Event” ကို ညနေ ၃နာရီကနေ ည ၇ နာရီအထိ ကျင်းပပြုလုပ်သွားမှာြဖစ်လို့ စျေးအတန်းဆုံးနဲ့ အလန်းဆုံး IP69 ဖုန်းတွေကို ကိုယ်တိုင်ကိုယ်ကျစမ်းသပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ဂိမ်းတွေကစားပြီး ဆုလက်ဆောင်တွေရယူနိုင်သလို လွယ်ကူရိုးရှင်းတဲ့အဆင့်လေးတွေကိုပါဝင်ကစားပြီး ရေစို၊ရေစိမ်းခံနိုင်မယ့် အသစ်စက်စက် realme C75x ဖုန်းသစ်ကိုပါ ကံထူးခွင့်ရရှိဦးမှာမို့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ပါဝင်ဆင်နွှဲဖို့ထပ်လောင်းဖိတ်ခေါ်လိုက်ရပါတယ်။ အနုပညာရှင်တွေ၊ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်ဦးမှာဖြစ်သလို ညအလှမီးရောင်စုံတွေနဲ့ အမိုက်စားဓာတ်ပုံတွေကိုပါ အမှတ်တရရိုက်ယူနိုင်စေဦးမှာဖြစ်ပါတယ်။
လူငယ်သုံးစွဲသူတွေအကြောင်းကို ပိုမိုသိရှိနားလည်ထားတဲ့ realme အနေနဲ့ မကြာခင်ရောက်ရှိလာတော့မယ့်သင်္ကြန်ကာလအတွက်ရော မိုးရာသီအတွက်ပါ အကိုက်ညီဆုံးဖုန်းတွေအဖြစ် ရေဒဏ်နဲ့ပတ်သက်ပြီးဘက်စုံ၊​ အလုံးစုံကာကွယ်ပေးနိုင်မယ့် C75 Series ထုတ်ကုန်သစ်တွေကို ဆန်းသစ်ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ အကြမ်းခံမှုအပိုင်းအတွက်လည်း ခံနိုင်ရည်ရှိသလို မြန်မာပြည်စျေးကွက်အတွက်အထူးလိုအပ်နေတဲ့ ဘက်ထရီအားကြာရှည်ခံစေဖို့နဲ့ အားအမြန်သွင်းစနစ်တို့အတွက်လည်း 6000mAh ဘက်ထရီနဲ့ 45W Fast Charge စနစ်တို့ကိုပါတွဲဖက်ပေးထားတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း တရားဝင်စျေးနှုန်းတွေနဲ့အတူ သင်္ကြန်အထူးလက်ဆောင်နဲ့ ခံစားခွင့်တွေကိုပါ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်။​
#ရေစိုရေစိမ်ခံတဲ့အလန်းဆုံးဖုန်း
#REALME #REALMEC75
Facebook
#ရေစိုရေစိမ်ခံတဲ့အလန်းဆုံးဖုန်း – Explore
explore #ရေစိုရေစိမ်ခံတဲ့အလန်းဆုံးဖုန်း at Facebook
March 21, 2025 987