Tech World MM: post #493 — TG.ME

အခုနောက်ပိုင်း ဖုန်းဝယ်ရင် Battery ပိုင်းကိုအဓိက ထားကြည့်နေရတဲ့အချိန်မှာ 6500 mAh Battery နဲ့ vivo Y29 က မိတ်ဆွေတို့ မျက်စိကျစရာဖုန်းဖြစ်နေမလား?
Battery ပမာဏများလို့ ရှိုးပဲ့မှာ (လေးမှာ၊ထူမှာ) တွေကို မပူနဲ့ အမြင့်ပိုင်း V Series ရဲ့ နာမည်ကြီး BlueVolt Battery နည်းပညာကိုသုံးထားလို့ ဒီဖုန်းမှာ ဒီလောက် Battery ပါတာလားတောင် ပြန်မေးယူရမယ်ဗျ
ကဲပါ Y So Cool ဆိုတဲ့ Y29 ကို Cool ဖြစ်စေတဲ့အချက်တွေက ဘာတွေဖြစ်မလဲ ဆက်ကြည့်ကြမယ်

Y Series ဆိုတာက အမြဲ Cool ဖြစ်နေတာဆိုတော့ Y29 က ဖက်ရှင်ပိုင်းအတွက်စိတ်ချထားလို့ရတဲ့ဖုန်းပဲ
အရောင်နှစ်ရောင်ရွေးနိုင်ပြီး တစ်ခုစီက မတူညီတဲ့ အထာကျတဲ့ Vibe တွေကိုဖန်တီးပေးနိုင်တယ်

တိမ်တွေပေါ်လွင့်မြောပြီး နူ့ညံ့တဲ့အသွင်နဲ့ Cloud White ဆိုတဲ့ အရောင်က နာမည်အတိုင်းပဲ ကျောဘက်မှာ တိမ်တွေပုံစံဖော်ပေးထားတယ်

ကော်ဖီကြိုက်တဲ့သူတွေအတွက် ထုတ်ထားလားထင်ရတဲ့ နာမည်ကလဲ ကော်ဖီဆန်တဲ့ Espresso Brown က ကျောဘက်မှာ လက်ရာမထင်တဲ့ Texture သုံးထားပေးတယ်

ဖုန်းအရောင်တွေက တစ်ခုစီမှာ မတူညီတဲ့ ထူးခြားမှုတွေရှိတယ် နောက်ပြီး ဖုန်းကထူမှာလေးမှာကို စိတ်ပူနေမှာစိုးလို့ပြောပြရရင် 204/208g နဲ့ အထူက 8.5mm ပဲရှိတယ်

လက်ထဲကိုင်လို့ကောင်းအောင် ဖုန်းရဲ့ကျောဘက် ကို Quad Curved Design ကိုသုံးပေးထားတယ်
နည်းပညာမြင့် BlueVolt Battery ဆိုတာက Y Series ဖုန်းတွေအတွက် ပထမဆုံးပါဝင်လာတာပါ BlueVolt Battery ဆိုတာက 6500 mAh Battery ကို အခုလို ပါးတဲ့ ဖုန်းကိုယ်ထည်ထဲကို ထည့်နိုင်တဲ့ နည်းပညာပဲ

ကျန်ပါသေးတယ် Battery အကြမ်းခံမှုကို ပိုကောင်းသွားစေပြီး 5 Year Battery Health တွေပါ ရသွားတယ်
ဒီလောက် Battery ကြီးတာ အားသွင်းတာ ကြာမှာပေါ့ တွေးနေရင် စိတ်မပူပါနဲ့! 44W Flash Charge ကို သုံးပေးထားတယ်
အားကုန်တာလည်း ကြာမယ် အားသွင်းတာလဲမြန်တယ်ဆိုတော့ ဘယ်လောက်သုံးသုံး Y29 ကို Battery ပိုင်းနဲ့ စိတ်မပူရလို့ စိတ်ကို Cool ဖြစ်နေမှာ အမှန်ပဲ
ဖုန်းတစ်လုံးဝယ်ပြီး ကိုယ်နဲ့အချိန်ကြာကြာ အတူရှိနေဖို့မျော်လင့်တယ်ဆိုရင် အကြမ်းခံတဲ့အပိုင်းကိုလည်း ထည့်စဉ်းစားမှဖြစ်မှာပါ Y29 ကတော့ အကြမ်းဒဏ် တွေကြုံတွေ့ရလဲ Cool ဖြစ်ဖြစ်ရင်ဆိုင်နိုင်တဲ့ဖုန်းပဲ
Rating တွေဘာရထားလဲမေးရင် SGS 5-Star, Military Grade Resistance နဲ့ IP64 တွေပါမယ် မကြာခင်ရောက်လာတော့မယ့် မိုးရာသီအတွက် မတော်တဆ ရေစိုတာတွေရှိခဲ့ရင်တော့ အေးဆေးဖြစ်နေမယ့် Y29 ပေါ့

ဒါတွေထက်မိုက်တာကဖုန်းကို အကြမ်းခံနိုင်ဖို့ vivo က စတည်ဆောက်ထဲက All Round Protection ရရှိစေနိုင်ဖို့ Anti-Drop Armor Design ကိုသုံးပေးထားတယ် Y29 ရဲ့ ကိုယ်ထည်မှာ Cushioning Structure ကိုထည့်ထားလို့ ပြုတ်ကျလဲ ဖုန်းကို ထိခိုက်မှု နည်းမယ် ၊ ဒါဆို မှန်ပိုင်းကရောဆိုရင် SCHOTT Shield Glass နဲ့ မလို့ Flagship တလုံးရဲ့ မှန်နီးပါး အကြမ်းခံမှုကောင်းပါသတဲ့
6.68 လက်မ LCD Display မှာ ရုပ်ရှင်ပဲ ကြည့်မလား ဂိမ်းပဲဆော့မလား အဆင်ပြေတယ့်အရွယ်အစားပဲ 120Hz Refresh Rate နဲ့ 1000 nits ကိုတွဲသုံးပေးထားတယ် တကယ်မိုက်တာက 400% Volume စနစ်ကိုလည်း သုံးပေးထားတယ် စိတ်မပူပါနဲ့ Stereo Speaker ကို သုံးပေးထားတယ် ဒါကြောင့် Y29 ကိုသုံးပြီး Multimedia ပိုင်းသုံးတဲ့အခါ ကောင်းမွန်တဲ့ experiecnce ကိုရစေနိုင်မှာပါ

SoC က Snapdragon 685 ကိုသုံးထားပေးပြီးတော့ 5 Year Smooth Experience ပါ ရမယ့်အကြောင်းလဲ ပြောထားသေးတယ် ဘက်ထရီကလဲ အကြမ်းခံတဲ့ဖုန်းဆိုတော့ Y29 က ကိုယ်နဲ့ အချိန်ကြာကြာ အတူရှိနေဖို့ သေချာသလောက်ပဲ
Camera ကတော့ အခုစျေးတန်းဖုန်းတွေမှာ ပြေးကြည့်စရာမလိုတဲ့ 50MP HD Camera ကိုသုံးပေးထားတယ် ကင်မရာ Bump Design တော့ မိုက်သားဗျ ကင်မရာ Bump ရဲ့ ဘောင်တွေကို စက်သွားပုံစံ ပုံဖော်ပေးထားတယ် Detailed ကျတယ်ပေါ့


ထူးခြားတာပါတာဆိုရင် Dynamic Light ပဲဗျ သူက Light Indicator သဘောမျိုးပဲ ဖုန်းလာတာ ၊ Noti တက်တာတွေအတွက်အသုံးဝင်တဲ့ Cool Feature ပေါ့ ကျန်ပါသေးတယ် AI စနစ်တွေအဖြစ် ပုံထဲက မလိုတာတွေဖျက်နိုင်တဲ့ AI Erase ၊ ပုံတွေကို ရုပ်ထွက်ပိုကောင်းအောင်ပြုပြင်ပေးနိုင်တဲ့ AI Photo Enhance စနစ်တွေထည့်ပေးထားတယ်

Y29 အကြောင်းတွေကလဲ စုံနေပါပြီ Y So Cool ဆိုတဲ့အတိုင်းပဲ Y29 ရဲ့ Design က အထာကျသလို ပါတဲ့ Feature တွေကလည်း Cool ဖြစ်တယ် ပြောရမယ့် ဖုန်းတစ်လုံးပါပဲ
👎1
May 23, 2025 923 4