Tech World MM: post #486 — TG.ME

စျေးတန်းအစုံမှာ Awesome Intelligence ဖြစ်တဲ့ အမိုက်စား Galaxy A26 5G ၊ Galaxy A36 5G ၊ Galaxy A56 5G AI ဖုန်း တွေ ဘယ်လောက်တိုးတက်လာပြီး ဘယ်လို feature တွေပါဝင်လာလဲဆိုတာကို ပြောပြပေးပါမယ်။

Feature စုံတယ် ပြောင်းလဲမှုများတယ် ဒီနှစ် A Series တွေက အတော်လေး အားရစရာကောင်းတယ့်အပြင် မကြာခင် ရောက်တော့မယ့် မိုးရာသီအတွက်လည်း သင့်တော်တဲ့ဖုန်းတွေလို့ဆိုနိုင်တယ်
တိုးတက်မှုတွေကို အပိုင်းလိုက် ပြောပြပေးပါမယ်
——
စျေးကွက်ထဲက ဖုန်းတွေထက် သာနေတဲ့အချက်တွေက?
IP Rating က ဖုန်း (၃) မျိူး လုံးမှာ IP67 Rating ကိုရရှိထားတယ် Galaxy A26 5G အတွက်ဆို သိသာတဲ့ တိုးတက်မှုပဲပေါ့ ရေစိုတာတွေအတွက် စိတ်အေးရတဲ့ဖုန်းတွေပါ
နောက်ပြီး Galaxy A36 5G နဲ့ Galaxy A56 5G တွေက ခေတ်စားနေတဲ့ E-Sim သုံးလို့ရနိုင်မယ်
UI ပိုင်းမှာလည်း OneUI 7 ကို Out of the Box တန်းသုံးနိုင်ပြီးတော့ Software Update ကလဲ 6 ကြိမ်အထိ ဆိုတော့ OneUI 13 အထိ ရဖို့က 100% သေချာပါတယ်
E-Sim နဲ့ OS Update 6x ဆိုတာ စျေးတန်းတူအပြင် ၊ စျေးကွက်ထဲက ဖုန်းတိုင်းမှာတောင် ပါဝင်တာရှားပါတယ်
Samsung ရဲ့ AMOLED 120Hz Refresh Rate Display ကလည်း အသစ်ထွက် A Series ဖုန်း (၃) မျိူး လုံးမှာပါဝင်ပါတယ်
———
AI စနစ် ဖြစ်တဲ့ Awesome Intelligence
Samsung က Galaxy AI ရဲ့ စနစ် တွေကိုလည်း A-Series အသစ်အတွက် ထည့်ပေးထားသေးတယ်
Awesome Intelligence လို့နာမည်ပေးထားပြီး ပါလာတာတွေကစုံသားဗျ
Photo Assist ရဲ့ စနစ်တွေဖြစ်တဲ့ Object Eraser ၊ အလင်းပြန်တာဖျက်ပေးနိုင်တဲ့ Erase Refection ၊ အရိပ်တွေဖျောက်ပေးနိုင်တဲ့ Erase Shadow တွေကို ထည့်ပေးထားတယ်
ဒါ့အပြင် Best Face လို ပုံတွေထဲက အကောင်းဆုံးမျက်နှာအနေအထားကိုရွေးနိုင်တဲ့စနစ်က Group Photo တွေရိုက်တဲ့အခါ အသုံးဝင်ပါတယ် ဓာတ်ပုံပိုင်းအတွက် ခေတ်မှီတဲ့ AI စနစ် ပါဝင်တယ်လို့တောင် ဆိုနိုင်တယ်

Flagship တွေမှာပါတဲ့ Auto Trim လို Video တွေရဲ့ Highlights ကို အလိုလျောက်ရွေးထုတ်ပြီး Edit ပေးနိုင်တဲ့စနစ်ပါတဲ့အပြင်
ညဘက် ပုံရိုက်တဲ့အခါ အကောင်းဆုံး ဓာတ်ပုံတွေဖန်တီးပေးနိုင်တဲ့ Nightogrpahy စနစ်ပါ လို့ ဘယ်အခြေအနေမှာသုံးသုံး အဆင်ပြေတဲ့ Vlogging ဖုန်းအနေနဲ့ဆို မျက်စိကျစရာဖြစ်နေမှာပါ
————
Camera ပိုင်းတိုးတက်မှုများ
Vlogging ဖုန်းဆိုလို့ ဒီနှစ် Galaxy A36 5G ၊ Galaxy A56 5G တွေက Selfie HDR စနစ်ပါလို့ 4K Video တွေပါရိုက်နိုင်သွားတယ်
ကင်မရာပိုင်းက ပြောမကုန်တဲ့ A Series ပါပဲ Galaxy A36 5G ၊ Galaxy A56 5G တွေမှာ Flagship တွေရဲ့ Custom Filter ဆိုတဲ့စနစ်ပါလာတယ် သူက ပုံတစ်ပုံ ကိုရိုက်မယ် ဆိုရဲ့ ကိုယ့်ရဲ့ စိတ်ကြိုက် Preset ကာလာ တစ်ခု ထားနိုင်မယ့်စနစ်ပါ ကိုယ်တိုင်ဖန်တီးလိုက်တဲ့ ပုံတိုင်းက အများနဲ့မတူ ထူးခြားနေဖို့ဆိုရင် အရမ်းအသုံးဝင်တယ်
Rear Camera တွေမှာဆိုရင်လဲ ဖုန်း (၃) မျိူးလုံးက Main + Ultra-Wide + Sensor အတွဲကို သုံးပေးထားပြီး 50 MP Main Camera ကတော့ အကုန်တူတူပဲ
ကင်မရာ Hardware ပိုင်းမှာဆိုရင်လဲ overall အရ အဆင်ပြေတယ်လို့တောင် ပြောလို့ရပါတယ်
———-
Gemini AI စနစ်လဲ ပါဝင်တယ်
Gemin i AI ကိုလည်း ဘယ်မေ့ထားလို့ဖြစ်မလဲ Circle to Search က ဖုန်း (၃) ခုလုံးမှာ ပါဝင်လာပြီးတော့ သိချင်တာကို ဝိုင်းပြီး ရှာနိုင်တာအပြင် ၊ မျက်နှာပြင်ပေါ် ကစာတွေကို ဘာသာပြန်တာ ၊ သီချင်းသံတွေကို တန်းရှာ ပေးနိုင်တာတွေ အထိ အသုံးချနိုင်သွားတယ် Gemini AI စနစ်လည်း အသုံးပြုလို့ရနိုင်ပါသေးတယ်
——
လျင်မြန်တဲ့အားသွင်းစနစ်
5000-mAh Battery အပြင် Flagship တွေနဲ့တန်းတူ 45W Fast Charging စနစ်ကိုထည့်ပေးလိုက်တာက တော့ A-Series ဖုန်းတွေရဲ့ သိသာတဲ့ တိုးတက်မှုတွေထဲက တစ်ခုလို့တောင် ဆိုနိုင်ပါတယ်
——-
A Series အသစ်တွေရဲ့ Feature တွေကိုလည်း သိကြလောက်ပြီလို့ထင်ပါတယ်
စာဖတ်သူတို့အတွက် Giveaway ကတော့
အသစ်ဝင်လာတဲ့ Galaxy A26 5G ၊ Galaxy A36 5G ၊ Galaxy A56 5G တွေထဲက အကြိုက်ဆုံး ဖုန်း တစ်လုံး ကိုရွေး နှင့် ဖုန်းရဲ့ အကြိုက်ဆုံး Feature တစ်ခုကို ပြောပြပေးရမှာပါ
သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူတွေကိုတော့ Phone Bill Giveaway ပေးသွားမှာဖြစ်လို့ ပါဝင်ပေးကြပါဦးဗျ

#GalaxyA56 #GalaxyA36 #GalaxyA26
#TheNewGalaxyA #AwesomeIntelligence #GenAIwesome #Samsung
❤2
May 19, 2025 590 1